ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သူ ဒုရဲအုပ်ချယ်ရီထက် လွက်ရက်စေ့၍ လွတ်မြောက်

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သူ ဒုရဲအုပ်ချယ်ရီထက် လွက်ရက်စေ့၍ လွတ်မြောက်
Published 9 August 2024

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်သည် ၎င်းအား ချမှတ်ထားသည် ထောင်ဒဏ်များမှ လွက်ရက်စေ့၍ ယနေ့(သြဂုတ် ၉ ရက်)တွင် ပြန်လည်လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ရဲဝန်ထမ်းဆိုင်ရာဥပဒေများဖြင့် ရမည်းသင်းအကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

“လွတ်ရက်က ၁၉ ရက်နေ့မှပါ။ ၁၁ ရက် လျော့ရက်ရတာကြောင့် ဒီနေ့လွတ်မယ်လို့ သိရတယ်။ အခုအထိတော့ ထောင်ထဲက ထွက်မလာသေးဘူး” ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

၂၀၂၁ ခုနှစ် မတ် ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည့် အကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာနှင့် ဆက်သွယ်ခဲ့ခြင်း၊ NUG ၏ သတင်းထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ဒုရဲအုပ် ချယ်ရီထက်အား ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်တရားရုံးက အဆိုပါအမှုဖြင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဒုရဲအုပ် ချယ်ရီထက်အား ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး ၎င်းသည် ရဲဝန်ထမ်းဆိုင်ရာဥပဒေနှင့်လည်း ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့(သြဂုတ် ၉ ရက်)ညနေပိုင်းအထိ ဒုရဲအုပ်ဟောင်း ချယ်ရီထက်သည် အကျဉ်းထောင်အတွင်းမှ ထွက်လာခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent