ပြီးခဲ့သည့် ဇွန်လအတွင်း ကျပ်ခုနစ်ဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဇွန်လအတွင်း ကျပ်ခုနစ်ဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိ
Published 23 July 2024

 

 

ဇွန်လအတွင်း ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ပစ္စည်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- customs)

 

ပြီးခဲ့သည့် ဇွန်လအတွင်း ကျပ်ခုနစ်ဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာ န၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊  ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက် နှင့်  အကောက်ခွန်နယ်မြေဒေသအသီးသီး၌ တင် သွင်း/တင်ပို့ခွင့် စာရွက်စာတမ်းအထောက် အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေတားဆီးအရေးယူမှုများ ပြုလုပ် ခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှ ၃၀ ရက်အထိ စုစုပေါင်း တားဆီး/ဖမ်းဆီးမှု ၂၈၆ မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇၉၀၆ ဒသမ ၅၇၇ သန်း (ကျပ်ခုနစ်ဘီလျံကျော်) ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ကျပ် ၁၂ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာ န၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလအတွင်းကလည်း ကျပ်ရှစ်ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာ န၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လအတွင်းကလည်း ကျပ် ၁၄ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်းကလည်း ကျပ် ကိုးဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကျပ်ခြောက်ဘီလျံကျော်တန်ဖိုးရှိ အကောက် ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက လည်း ကျပ်ခြောက်ဘီလျံကျော် တန်ဖိုးရှိ အ ကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း  အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလအတွင်းကလည်း ကျပ် ၁၂ ဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်း များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ စုစုပေါင်း တားဆီး/ ဖမ်းဆီးမှု ၃၄၆ မှုဖြစ်ပြီး  ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၂၄၉၈ ဒသမ ၁၁၈ သန်း (ကျပ် ၁၂ ဘီလျံ ကျော်) ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent