ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းမှုနှင့်အတူ ဂျပန်နိုင်ငံ၏လူဦးရေ ၁၅ နှစ်ဆက်တိုက်ကျဆင်း

ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းမှုနှင့်အတူ ဂျပန်နိုင်ငံ၏လူဦးရေ ၁၅ နှစ်ဆက်တိုက်ကျဆင်း
Photo-AFP
Photo-AFP
Published 25 July 2024

ဂျပန်တွင် သက်ကြီးရွယ်အို လူဦးရေမြင့်တက်လာပြီး ကလေးမွေးဖွားနှုန်း ကျဆင်းလျက်ရှိစဉ် ယမန်နှစ်က ဂျပန်၏စုစုပေါင်း လူဦးရေသည် ၁၅ နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး အရေအတွက်အားဖြင့် ငါးသိန်းကျော် ကျဆင်းခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ်က ဂျပန်တွင် ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းခဲ့ကာ သေဆုံးမှုနှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး ၁ ဒသမ ၆ သန်းနီးပါးရှိခဲ့သည်။ သို့ဖြစ် ရာ ဂျပန်နိုင်ငံ၏ လူဦးရေသည် ဇန်နဝါရီ ၁ ရက်အထိ ၁၂၄ ဒသမ ၉ သန်းရှိကြောင်း သိရသည်။ ဇူလိုင် ၂၄ ရက်တွင် ဂျပန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်း များအရ ဂျပန်၌ လာရောက်နေထိုင်သော နိုင်ငံခြားသားဦးရေသည် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် စုစုပေါင်း နိုင်ငံခြားသားဦးရေသည် ပထမဆုံးအကြိမ်အဖြစ် သုံးသန်းကျော်ရှိလာခဲ့သည်။

ယခုဆိုလျှင် ဂျပန်တွင်လာရောက်နေထိုင်သည့် နိုင်ငံခြားသားဦးရေသည် စုစုပေါင်းလူဦးရေ၏ သုံးရာခိုင်နှုန်းနီး ပါးရှိလာခဲ့ကာ အများစုသည် အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိ အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။ အလုပ်အကိုင်အခွင့်အလမ်း အားရစရာမရှိခြင်းနှင့် လူနေမှုစရိတ် မြင့်တက်လာခြင်းတို့ကြောင့် ငယ်ရွယ်သော ဂျပန်ပြည်သူများသည် အိမ်ထောင်ပြုရန် သို့မဟုတ် ကလေးယူရန် ပိုမိုတွေဝေလာကြသည်ဟု လူထုစစ်တမ်းများအရ သိရသည်။                            

Ref: AP

Most Read

Most Recent