တောင်ကြီးမြို့သို့ လားရှိုးမြို့မှ စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီ ရောက်ရှိနေပြီး အခက်အခဲများ ရှိနေ

တောင်ကြီးမြို့သို့ လားရှိုးမြို့မှ စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီ ရောက်ရှိနေပြီး အခက်အခဲများ ရှိနေ
Published 13 July 2024

တောင်ကြီးမြို့သို့ လားရှိုးမြို့မှ စစ်ဘေး ရှောင်လာသူ ထောင်နှင့်ချီ ရောက်ရှိနေပြီး အခက်အခဲများ ရှိနေကြောင်း တောင်ကြီးမြို့ တွင် နေထိုင်သည့်ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် MNDAA အဖွဲ့တို့အကြား ဇူလိုင် ၃ ရက်မှစတင်ကာ လားရှိုးမြို့ ပတ်ဝန်းကျင်နေရာများတွင် တိုက်ပွဲများစတင် ဖြစ်ပွားခဲ့ချိန်မှစပြီး တောင်ကြီးမြို့သို့ စစ်ဘေး ရှောင်များ စတင်ရောက်ရှိလာခြင်းဖြစ်သည်။

“လားရှိုးကလာတဲ့သူတွေက မနည်းဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ တည်းခို ခန်းလိုနေရာမျိုးမှာနေကြပေမယ့်အများစု မတတ်နိုင်ကြတော့ အသိအိမ်တွေ၊ ဘုန်းကြီး ကျောင်းတွေမှာ နေကြတယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တောင်ကြီးမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအသင်းရုံးအချို့၊ ဝေဠုဝန် ကျောင်းတိုက်၊ ရှမ်းပိဋကတ်ကျောင်းတိုက်နှင့် ရှမ်းစာ‌ပေနှင့် ယဉ်ကျေးမှုရုံးတို့တွင် စစ်ဘေး ရှောင်သုံးရာကျော် ရောက်ရှိနေသည်ဟု သိရ သည်။

“ဒါက ကျွန်တော်သိတဲ့နေရာပဲရှိသေး တယ်။ တခြားနေရာတွေမှာ ဘယ်လောက်ဆို တာတော့ မသိရသေးဘူး။ အနည်းဆုံး စစ် ဘေးရှောင် ထောင်ချီရောက်လာတယ်လို့ ပြောလို့ရတယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

စစ်ဘေးရှောင်များ ရောက်ရှိလာခြင်း ကြောင့် နေစရာအခက်အခဲနှင့် စားနပ်ရိက္ခာ အတွက် လိုအပ်ချက်များရှိလာနိုင်သည်ဟု တောင်ကြီးမြို့ခံတစ်ဦးက သုံးသပ်ပြောကြား သည်။

လားရှိုးမြို့နှင့်အနီးဆုံးမြို့မှာတောင်ကြီး မြို့ဖြစ်ပြီး လားရှိုး-တောင်ကြီး မော်တော်ယာဉ်ခမှာ ယခင်က ကျပ်သောင်းဂဏန်းသာရှိခဲ့ သော်လည်း ယခုရက်ပိုင်းအတွင်းမှာပင် ကျပ် ငါးသိန်းအနည်းဆုံးရှိနေသည်ဟု ဒေသခံများ ထံမှ သိရသည်။

“စက်သုံးဆီက လားရှိုးမှာ အရင်ရက် တွေကတည်းက ဆီပြတ်တာတွေလည်းရှိ တယ်။ ဆီစျေးကလည်း ဓာတ်ဆီတစ်ဂါလံကို ခြောက်သောင်းလောက်ပေါက်နေတယ်” ဟု လားရှိုးမြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြား အ ခြားမြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး- မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ် စီးရေ ထောင်ချီအထိရှိနေသည်။

“စဉ့်အင်က ဘယ်ကိုသွားသွားအဲ့ဒီကို ဖြတ်ရတယ်။ မန္တဘေးဘက်ကျတော့ သွားလာ ရတာ လမ်းခရီးကအဆင်မပြေဘူး။ ကြားထဲ မှာ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ အများစု က တောင်ကြီးကိုပဲ တက်လာကြတယ်”  ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent