ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒေသခံပြည်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထောက်ပံ့ကူညီရေးပစ္စည်းများ ရရှိစေရန်အတွက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့နှင့် ချိတ်ဆက်ပေးရန်တိုက်တွန်း

ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒေသခံပြည်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထောက်ပံ့ကူညီရေးပစ္စည်းများ ရရှိစေရန်အတွက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့နှင့် ချိတ်ဆက်ပေးရန်တိုက်တွန်း
Published 20 July 2024
ဘိုဘိုမြင့်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများ ပါဝင်သည့် ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် ဒေသခံပြည်သူများ အ နေဖြင့် ပြည်တွင်း၊ပြည်ပမှ ထောက်ပံ့ကူညီ ရေး ပစ္စည်းများ ရရှိစေရန်အတွက် မွန်စစ် ဘေးရှောင်ကူညီရေးအဖွဲ့နှင့် ချိတ်ဆက်ပေး ရန် ယင်းအဖွဲ့မှ တိုက်တွန်းပြောကြားသည်။

ပြီးခဲ့သည့် မတ်လ စတုတ္ထအပတ် အတွင်း က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဂျိုင်းမြစ်ဝှမ်း ဒေသအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား ခဲ့ပြီး ဒေသခံပြည်သူထောင်နှင့်ချီကာ နေရပ် စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်။

နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေ ခဲ့ ကြရသည့် ဒေသခံပြည်သူများအနေဖြင့် မော် လမြိုင်၊ ဘီလူးကျွန်း (ချောင်းဆုံ)၊ ကျိုက်မရော၊ မုဒုံ အပြင် တချို့မှာလည်း ရန်ကုန်အထိ သွား ရောက်ကာ နေထိုင်နေကြသူများလည်း ရှိ ကြောင်း၊ ထိုအခြေအနေများကြောင့် နေရပ် စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများ၏စာရင်း များ ကောက်ယူပြုစုရာ၌ အခက်အခဲများ ရှိ နေကြ သည့်အတွက်ကြောင့် အိမ်ထောင်စုနှင့် လူဦးရေစာရင်းကအစ ကွဲလွဲမှုများဖြစ်ပေါ် နေကြောင်း မွန်စစ်ဘေးရှောင်ကူညီ ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

၎င်းကဆက်လက်ပြီး “သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေမှာ ရှိကြတဲ့ စာရင်းကတစ်မျိုး၊ ဒေသခံတွေပြုစုထားတဲ့ စာရင်းကတစ်မျိုး၊ မွန်ပြည်သစ်ပါတီ သထုံ ခရိုင် က ကောက်ယူထားတဲ့ စာရင်းကတစ်မျိုး၊ နောက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းက တစ်မျိုးဖြစ်နေတော့ စာရင်းတွေကို တိုက်စစ်နေရပါတယ်။ တချို့ လည်း စစ်ဘေးတိမ်းရှောင်နေကြရပေမယ့် အမည်စာရင်းမပါဝင်ကြသူတဲ့  မိသားစုတွေ လည်းရှိနေကြသေးတယ်။တချို့လည်း ထောက် ပံ့ရေးပစ္စည်းတွေ လာပေးတော့မှ စာရင်းလာ သွင်းကြသူတွေလည်းရှိတယ်” ဟု ပြောကြား သည်။

လတ်တလော ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများမှ နေရပ်စွန့်ခွာ စစ်ဘေးတိမ်း ရှောင် နေကြရသည့် ဒေသခံပြည်သူများအား ကူညီထောင်ပံ့ရေးပစ္စည်းများ လာရောက်ပေး အပ်လှူဒါန်းနေကြသည့် သတင်းများကြောင့် လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဆက်သွယ်အကြောင်းကြားလာကြသည့် စစ် ဘေးရှောင်များလည်းရှိနေကြောင်းလည်း ၎င်းင်းက ဆိုသည်။

“လတ်တလောမှာ အစောပိုင်းကောက် ယူထားတဲ့ စာရင်းတွေအရ ဦးစားပေးအဆင့် တွေကိုပဲ ထောက်ပံ့ဖြစ်နေတာပါ။ နောက် ထပ်လည်း စာရင်းတွေထပ်မံပြုစုနေတဲ့ အ တွက်ကြောင့် စာရင်းမသွင်းရသေးတဲ့ စစ် ဘေး သင့် အိမ်ထောင်စုတွေအနေနဲ့ မွန်စစ် ဘေး ရှောင်ကူညီရေးအဖွဲ့ထံမှာ လာရောက် စာရင်းပေးသွင်းကြဖို့  ထပ်မံတိုက်တွန်း လိုပါ တယ်”ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

ဂျိုင်းမြစ်ဝှမ်းရှိ နေရပ်စွန့်ခွာစစ်ဘေး သင့် ဒေသခံပြည်သူများအား ASEAN Coordinating Center for Humanitarian Assistance on disaster management (AHA Centre) မှ ဇူလိုင် ၁၀ ရက်က မော်လ မြိုင် မြို့ရှိ သာသနာ (၂၅၀၀) မွန်ပရိယတ္တိ စာသင်တိုက်တွင်လူသားချင်းစာနာမှု ထောက် ပံ့ရေးပစ္စည်းများအား အခမ်းအနားဖြင့် လာ ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုကူညီထောက်ပံ့လှူဒါန်းမှုတွေ ကျန် ရစ် ခဲ့သည့် အိမ်ထောင်စုများအား ဇူလိုင် ၁၅ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (မွန် ပြည်နယ်) နှင့် မွန်စစ်ဘေးရှောင်ကူညီရေး အဖွဲ့မှ ပူးပေါင်းကာ ကျိုက်မရောမြို့နယ် သံ ဂလောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကူညီထောက်ပံ့မှုပစ္စည်းများကို ဆက်လက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သို့သော်လည်း သက်ဆိုင်ရာအဖွဲ့ အ စည်းများမှ ကောက်ယူထားသည့် စာရင်းတွင် မပါဝင်၍ဟုဆိုကာ အထောက်အပံ့တစ်စုံ တစ်ရာ မရရှိကြသေးသည့် နေရပ်စွန့်ခွာ စစ် ဘေးတိမ်းရှောင် ဒေသခံပြည်သူများလည်း ရှိနေသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။

 

Most Read

Most Recent