သုံးနှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသားများပိုင်ဆိုင်မှု ထိုင်းဘတ် ၁၀ ဘီလျံကျော်အထိရှိလာပြီး အများစုသည် ကွန်ဒိုဝယ်ယူမှုများဖြစ်

သုံးနှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသားများပိုင်ဆိုင်မှု ထိုင်းဘတ် ၁၀ ဘီလျံကျော်အထိရှိလာပြီး အများစုသည် ကွန်ဒိုဝယ်ယူမှုများဖြစ်
Published 10 August 2024

 

ဘန်ကောက်မြို့တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဝင်း)

 

သုံးနှစ်ကျော်ကာလအတွင်း ထိုင်းအိမ် ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသားများ ပိုင် ဆိုင်မှု ထိုင်းဘတ် ၁၀ ဘီလျံကျော်အထိ ရှိ လာကြောင်း ထိုင်းအိမ်ခြံမြေစျေးကွက်ဆိုင်ရာဌာန REIC ကို ကိုးကားပြီး ထိုင်းသတင်း ဌာနအချို့တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ သားများမှာ ထိုင်းအိမ်ခြံမြေကဏ္ဍတွင် ဝင် ရောက်ရင်းနှီးမြုပ်နှံလာကြပြီး ယင်းနောက် ပိုင်းမှ စတင်ကာ မြင့်တက်လာခြင်းဖြစ်သည် ဟု သိရသည်။

မြန်မာနိုင်ငံသားများမှာ ထိုင်းကွန်ဒို များကို ဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ်တွင် အခြား နိုင်ငံသားများထက် ဝယ်ယူမှု တရှိန်ထိုးမြင့် တက်လာခဲ့သည်ဟု ထိုင်းအိမ်ခြံမြေစျေး ကွက်ဆိုင်ရာဌာန REIC က ဖော်ပြထား သည်။

မြန်မာနိုင်ငံသားများမှာ ၂၀၂၁ ခုနှစ်အ တွင်း အိမ်ခန်းပေါင်း ၃၀ ဝယ်ယူခဲ့ပြီး အဆင့် ၂၅ တွင်သာ ရပ်တည်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၌ အခန်းပေါင်း ၃၄၉ ခန်းဖြင့် အဆင့်(၆) နေရာသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် အခန်းပေါင်း ၅၆၄ ခန်းဖြင့် အဆင့် ၄ နေ ရာသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ်၏ပထမ လေးလအတွင်း၌ အခန်းပေါင်း ၃၉၂ ခန်းဖြင့် အဆင့် ၂ နေရာသို့ လည်းကောင်း ရောက်ရှိ ခဲ့သည်ဟု သိရသည်။

ယင်းကြောင့် သုံးနှစ်ကျော်ကာလအ တွင်း မြန်မာနိုင်ငံသားများမှာ အခန်းပေါင်း ၁၃၃၅ ခန်းအထိ ဝယ်ယူခဲ့ကြပြီး၂၀၂၄ ခုနှစ် ပထမလေးလအတွင်း အခန်းပေါင်း ၃၉၂ ခန်းအတွက် ဘတ် ၂ ဒသမ ၂ ဘီလျံကျော် ဝယ်ယူခဲ့ရာ အခန်းတစ်ခန်းလျှင် ပျမ်းမျှ ဘတ်ငါးသန်းခွဲကျော်ရှိနေပြီး အခန်းပေါင်း ၁၃၃၅ ခန်းအတွက် ဘတ် ခုနစ်ဘီလျံခွဲ အ နည်းဆုံးရှိနေသည်ဟု ထိုင်းအိမ်ခြံမြေစျေး ကွက်ဆိုင်ရာဌာန REIC  ကထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံမှ ချမ်းသာသူများသည် ဘန်ကောက်မြို့၏ အဓိကနေရာများတွင်ရှိ သော စျေးကြီးသည့် ကွန်ဒိုများကိုဝယ်ယူခဲ့ကြ ပြီး ယင်းကွန်ဒိုများသည် စျေးနှုန်း ဘတ် ၁၀ သန်းမှ သန်း ၂၀ အတွင်းရှိသည်ဟုဆိုသည်ဟု မေလပိုင်းက REIC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူခမ်ဗစ်၊ ခရွမ်ဖုန်း၊ အဆိုကေး အစရှိ သည့် အကောင်းစားကွန်ဒိုများရှိရာ နေရာ များသည် ရေပန်းစားလျက်ရှိ ပြီး ထိုနေရာ များသည် ဆေးရုံများ၊ နိုင်ငံတကာကျောင်း များ၊ အဆင့် မြင့်စျေးဝယ်စင်တာကြီးများနှင့် နီးကပ်သည်။

မြန်မာနိုင်ငံမှ အလယ်အလတ် သုံးစွဲသူ များသည် ဘန်ကောက်မြို့၏ Aree နှင့် ဖရာ ထိုင်းဇုန်များရှိ စျေး နှုန်းဘတ်ငါးသန်းမှ ၁၀ သန်းအ တွင်းရှိသော ကွန်ဒိုများကိုမျက်စိကျ ကြသည်ဟု ယခုနှစ် မေလပိုင်းက ထုတ် ပြန်ခဲ့ သည့် REIC ၏ ထုတ်ပြန်ချက်၌ဖော်ပြသည်။

Most Read

Most Recent