■ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မရှိဟုဆို

■ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မရှိဟုဆို
■ ပုံစာ - ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်
■ ပုံစာ - ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်
Published 13 August 2024

မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မရှိကြောင်း သိရသည်။

လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အနေဖြင့် နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံမည် မဟုတ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ မြန်မာနှင့်ထိုင်းနိုင်ငံတို့ကို  သွားရောက်မည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

ကြားသိရသော သတင်းများအရ ဝမ်ယိသည် သြဂုတ် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏မြန်မာနိုင်ငံခရီးစဉ်သည် နယ်ပယ်အသီးသီး၌ နှစ်ဦး နှစ်ဖက် အပြန်အလှန်အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများ လေးနက်စေရန်လည်း ကောင်း၊ နှစ်နိုင်ငံပြည်သူတို့၏ ရင်းနှီးသော ချစ်ကြည်မှု ခိုင်မြဲစေရန်လည်းကောင်း၊ ရည် မှန်းချက်တူညီသော အနာဂတ်နှင့်အတူ တရုတ်-မြန်မာ လူမှုအသိုင်းအဝိုင်း တည် ဆောက်မှုကို တိုးတက်အောင်ဆောင် ရွက်ရန် လည်းကောင်း ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



 

Most Read

Most Recent