ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူနှင့် ကသာမြို့တို့တွင် တစ်ပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူနှင့် ကသာမြို့တို့တွင် တစ်ပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်
Published 21 July 2024

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူနှင့် ကသာမြို့တို့တွင် တစ်ပေမှ ငါးပေ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်ကြောင်း ဇူလိုင် ၂၁ ရက်တွင် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း မြစ်ရေခန့်မှန်းချက်အ နေဖြင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်း မော်၊ ရွှေကူနှင့် ကသာမြို့တို့တွင် တစ်ပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့် တက်လာနိုင်ပြီး သပိတ်ကျင်း၊ မန္တလေး၊ စစ် ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်း ဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတ၊ ဆိပ် သာမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေမှ ခြောက် ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း မြို့နှင့် ဖောင်းပြင်မြို့တို့တွင် ခြောက်ပေမှ ရှစ် ပေခန့်နှင့် မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေ စာရံမြို့တို့တွင် တစ်ပေခွဲမှ နှစ်ပေခွဲခန့်၊ စစ် တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက် မြို့တို့တွင် သုံးပေမှ လေးပေခန့်၊ ရွှေကျင်မြစ် ရေသည် ရွှေကျင်မြို့တွင် သုံးပေခန့်၊ ပဲခူးမြစ် ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် နှစ်ပေ မှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် နှစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝ တီမြို့၌ သုံးပေခန့်၊ ငဝန်မြစ်ရေသည် ပုသိမ် မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်မြို့တွင် လေးပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ကြောင်း သိရ သည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ် ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် လေးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် နှစ်ပေမှ လေးပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့ တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent