ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီ မြို့နယ်အတွင်း တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၆ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီ မြို့နယ်အတွင်း တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၆ ဦးဖမ်းဆီးခံရ
Published 19 June 2024

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ် နောင်လူကျေးရွာအနီးတွင် ပြီးခဲ့သည့်  ဇွန် ၁၇ ရက် ညပိုင်းက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၅၆ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်း များအရ သိရသည်။

ဇွန် ၁၇ ရက် ည ၆ နာရီခွဲက စံခလဘူရီ ဒေသရှိ စစ်‌ဆေးရေးဂိတ်အား ရှောင်ရန်အ တွက် တောထဲတွင် အုပ်စုလိုက်လမ်းလျှောက် နေသည့် မြန်မာနိုင်ငံသားများအား ထိုင်းအာ ဏာပိုင်များက သွားရောက်ရှာဖွေခဲ့ရာ နောင် လူကျေးရွာအနီးရှိ တောစပ်တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား က လေးငယ်များအပါအဝင် အမျိုးသား ၃၈ ဦးနှင့် အမျိုးသား ၁၈ ဦး ပါဝင်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ဘက်မှ ထိုင်းနိုင် ငံအတွင်းသို့ ဝင်‌ရောက်လာကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ နွန်ထဘူရီ၊ စမွတ် ဆာခွန်၊ စမွတ်ဆုန်ခရမ်းနှင့် လာ့ခ်ျဘူရီမြို့ များသို့ အလုပ်သွားရောက် လုပ်ကိုင်ရန်အ တွက် ပွဲစားများအား ဝန်ဆောင်ခအဖြစ် တစ် ဦးလျှင် ဘတ် ၁၆၀၀၀ အထိ ပေးချေခဲ့ရသည် ဟု ထွက်ဆိုထားကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ မြန်မာနိုင်ငံ ရန် ကုန်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီးနှင့် မုဒုံ မြို့နယ်များမှဖြစ်ကြောင်းလည်း စံခလဘူရဲ တပ်ဖွဲ့၏ထုတ်ပြန်ချက်အား ကိုးကား၍ ထိုင်း သတင်းဌာနများက ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား စံခလဘူရီမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း စံခလဘူရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရ သိရသည်။

Most Read

Most Recent