USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း၊ ဝယ်၊ လဲလှယ်ခြင်း ဆောင်ရွက်နေသူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နေ

USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း၊ ဝယ်၊ လဲလှယ်ခြင်း ဆောင်ရွက်နေသူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နေ
Published 25 May 2024

USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း၊ ဝယ်၊ လဲလှယ်ခြင်း ဆောင်ရွက်နေသူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေတို့ဖြင့် အရေးယူဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က မေ ၂၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀ (င) နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦး တည်း ထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၉/၂၀၂၀)ဖြင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က Digital ငွေကြေးများ ဖြစ်သော Cryptocurrency: Bitcoin(BTC) , Litecoin(LTC), Ethereum (ETH) နှင့် Perfect Money (PM)  စသည်တို့အား တရား ဝင် ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိ သကဲ့သို့ ယင်းကို ရောင်း၊ ဝယ်၊ လဲလှယ်ခြင်း များဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့အ စည်းများသို့ ခွင့်ပြုထားခြင်းမရှိကြောင်းနှင့်  digital ငွေကြေးများအား personal Facebook Account  များနှင့်  web page များ အသုံးပြု၍ ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်း များ မပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

လက်ရှိတွင် နိုင်ငံတော်အတွင်း  USDT အပါအဝင် တရားမဝင် Digital ငွေကြေးများ ကို ရောင်း၊ ဝယ်၊ လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက် နေကြောင်း တွေ့ရှိရပြီး ယင်းသို့ဆောင်ရွက် သူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာ ရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲအရေးယူ ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဗဟို ဘဏ်က ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာ အမှတ် (၉/၂၀၂၀) ဖြင့် ထုတ်ပြန်ထား သည့် တားမြစ်ချက်များကို ပါဝင်ဆောင်ရွက် ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူလွန် ကြောင်း တွေ့ရှိပါက ငွေစာရင်းများ ပိတ်သိမ်း ခြင်းအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပ ဒေအရလည်းကောင်း၊ ငွေရေးကြေးရေး အဖွဲ့ အစည်းများဥပဒေအရလည်းကောင်း ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ဗဟိုဘဏ် က ထုတ်ပြန်သည်။

Most Read

Most Recent