ချောင်းဆုံမြို့နယ် မုကွဲကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး အသတ်ခံရ

ချောင်းဆုံမြို့နယ် မုကွဲကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး အသတ်ခံရ
အလောင်းတွေ့ရှိသည့်နေရာကို တွေ့ရစဉ်
အလောင်းတွေ့ရှိသည့်နေရာကို တွေ့ရစဉ်
Published 9 September 2024

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မုကွဲကျေး ရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အသတ်ခံရသူမှာ မုကွဲကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ အသက် ၂၆ နှစ် အရွယ် မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူး(ခ)ထူးထူးဖြစ်ကြောင်း၊ မုကွဲကျေးရွာ ရပ်ကွက်(၄)တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် ဆရာမ ဒေါ်ချစ်ချစ်ထူး(ခ)ထူးထူး ပျောက်ဆုံးနေသည်မှာ လေးငါးရက်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

၎င်းက ဆက်လက်ပြီး “မနေ့(စက်တင် ဘာ ၈ ရက်) မွန်းတည့်ချိန်လောက်မှာမှ  ဆရာမရဲ့ အလောင်းကို မုကွဲကျေးရွာ ကျောင်းကြီးကျောင်းတိုက်ဝင်းအတွင်းမှာရှိတဲ့ ဓာတ်ပေါင်းစုမဟာစေတီနဲ့ အနောက်မြောက်ဘက် ပေ ၅၀ ခန့်အကွာ ထင်းတောထဲမှာ တွေ့ကြရတာပါ”ဟု ပြောကြားသည်။

ဆရာမ ဒေါ်ချစ်ချစ်ထူး(ခ)ထူးထူး၏ အလောင်းအား ကနစိုပင်၏ခြေရင်းတွင် ၎င်း၏လည်ပင်းအား အနက်ရောင်ဘေးလွယ် အိတ်ကြိုးဖြင့် ချည်နှောင်၍ မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်းနှင့် အ လောင်းအနီးတွင် ရွှေရောင်ကိုင်းတပ် မှန်တစ်ဘက်မရှိသည့် မျက်မှန်တစ်လက်နှင့် အသွားကိုးလက်မခွဲ၊ အရိုးငါးလက်မ၊ စုစုပေါင်း ၁၄ လက်မခွဲခန့်အရှည်ရှိ  ဘက်နက်တစ်ချောင်း ကိုတွေ့ရကြောင်းလည်း ၎င်းဒေသခံက ပြောကြားသည်။

အသတ်ခံထားရသည့် မူလတန်းပြ ဆရာမ ဒေါ်ချစ်ချစ်ထူး(ခ)ထူးထူး၏ အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် အလောင်းအား စစ်ဆေးပြီးပါက သက်ဆိုင်ရာက အမှုဖွင့်အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent