ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇူလိုင် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ပြင်းထန်သော ငလျင် လှုပ်သွားခဲ့ပြီးနောက် အဆောက်အအုံများပြိုလဲခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာတွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထိခိုက်ပျက်စီးမှုများကို စိစစ်နေဆဲဟု ၀န်ကြီးချုပ်ဆာနာအဲတာကအိချိက ပြောကြားခဲ့သည်။
ကျူးရှူးကျွန်းတွင် မွန်းလွဲ ၄ နာရီ ၂၇ မိနစ်အချိန်က လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ဂျပန်မိုးလေဝသအေဂျင်စီ၏ ပြင်းအားတိုင်းတာမှုစကေးအရ အမြင့်ဆုံးအဆင့် ၇ အထိ ရှိခဲ့ကြောင်း သိရသည်။
ကုန်းတွင်း ငလျင်ဖြစ်သောကြောင့် ဆူနာမီ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့သည်ဟုဆိုသည်။
အဏုမြူစွမ်းအင် ထိန်းချုပ်ကွပ်ကဲရေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ နျူကလီးယားဓာတ်အားပေးစက်ရုံများတွင် လတ်တလော ထူးခြားဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးမှုများ မရှိသေးကြောင်း သိရသည်။
ဒေသတွင်း လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဖြစ်သည့် Kyushu Electric Power ၏ ထုတ်ပြန်ချက်အရ ခူမာမိုတိုဒေသရှိ နေအိမ်နှင့်အဆောက်အ
အုံ၄၅,၀၀၀ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဒေသတွင် လည်ပတ်နေသည့် နျူကလီးယားဓာတ်ပေါင်းဖို ၃ ခုမှာမူ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်လျက်ရှိကြောင်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။
Photo - AFP















