သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား/သူများကို ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ပြုလုပ်မည်

သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား/သူများကို ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ပြုလုပ်မည်
Published 28 July 2026

သက်လွန်ကျောင်းပြင်ပရောက် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား/သူများကို ကျောင်းပြင်ပမူလတန်းပညာရေးနှင့် အသက် ၁၃ နှစ်မှ အသက် ၂၁ နှစ်အတွင်းရှိ ကျောင်းသား/သူများကို  ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား ကျောင်းသူများကို ကျောင်းပြင်ပမူလတန်းပညာရေး- NFPE တွင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိသူများအားလည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး- NFME တွင် အသက် ၁၃ နှစ်မှ အသက် ၂၁ နှစ်အတွင်းရှိသူများအားလည်းကောင်း အတန်းနေရာချထား စစ်ဆေးမှု (Placement Test) အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သတ်မှတ်၍ မူဝါဒများနှင့်အညီ စိစစ်လက်ခံ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများသည် ကျောင်းပြင်ပမူလတန်းပညာရေး- NFPE တွင်ဖြစ်စေ ကျောင်းပြင်ပအလယ်တန်းပညာရေး NFME တွင်ဖြစ်စေ ဖြေဆိုရန်အတွက် ပညာရေးဆိုင်ရာ ထောက်ခံချက်များ သို့မဟုတ် အရေးပေါ်အခြေအနေ ကြေညာထားသည့်မြို့နယ်များမှ အမှန်တကယ် ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက သတ်မှတ်ပေးသောနေရာများတွင် အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ကို သြဂုတ် ၉ ရက် (တနင်္ဂနွေနေ့) ၌ ဖြေဆိုကြရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်ပညာရေးမှူးရုံးများတွင် မေးမြန်း စုံစမ်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent