ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့်တက်နေသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက် ပိုမိုကြီးမားလာကြောင်း UNOCHA ထုတ်ပြန်

ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့်တက်နေသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက် ပိုမိုကြီးမားလာကြောင်း UNOCHA ထုတ်ပြန်
Published 3 July 2024

ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့်တက်နေသဖြင့် လူသားချင်းစာနာ မှုဆိုင်ရာ လိုအပ်ချက် ပိုမိုကြီးမားလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိ နှိုင်း‌ရေးရုံး (UNOCHA) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အရပ်သားကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာ တိုးမြင့် နေကြောင်း၊ မြေမြှုပ်မိုင်းများ ပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ်သည့် စစ်လက်နက် အကြွင်းအကျန်များအပြင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးရမှုများ ဆက်လက်ဖြစ် ပေါ်နေပြီး ရှိရင်းစွဲ အခြေအနေကထက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုဆိုးရွားလာစေကြောင်း UNOCHA က ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးတွင် လူဦးရေ သုံးသန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်ကြောင်း ခန့် မှန်းထားပြီး ထပ်မံနေရပ်စွန့်ခွာသူများအ နေဖြင့် မုတ်သုံရာသီ၏ ပြင်းထန်သော ရာသီ ဥတုဒဏ်ကို ရင်ဆိုင်လျက် နေထိုင်နေရ ကြောင်း UNOCHA က ဆိုသည်။

မကြာသေးမီက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံ များ တိုက်ခိုက်မှုခံရမှုနှင့် သိမ်းပိုက်ခံရမှုများ ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံများအပေါ် အန္တရာယ်ကျ ရောက်နိုင်မှု ပိုမိုမြင့်တက်လာနေကြောင်း လည်း UNOCHA က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် မကြာသေးမီလ ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်လာသည် နှင့်အမျှ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့် ခွာ ထွက်ပြေးခဲ့ရပြီး စစ်တွေမြို့အနီးအနား နေရာများတွင် အသစ်စိုက်မိုင်း၊ အဓမ္မနှင် ထုတ်မှုနှင့် အစုလိုက်ဖမ်းဆီးမှု အစရှိသော သတင်းများနှင့်အတူ အရပ်သားကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ စိုးရိမ်စရာများလည်း တိုး မြင့်လာနေကြောင်း UNOCHA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အများအ ပြားတွင်လည်း တိုက်ပွဲများ ပြင်းထန်လာပြီး မြစ်ကြီးနားမြိုနှင့် ၆ မိုင်ခန့်အကွာအထိ တိုက်ပွဲများ နီးကပ်လာနေကြောင်းနှင့် ဒေ သခံ အများအပြား နေရပ်စွန့်ခွာမှုများ ရှိနေ ကြောင်းလည်း UNOCHA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အ ကြား ယာယီအပစ်အခတ်ရပ်စဲရေးသဘော တူညီချက် ပျက်ပြယ်သွားခဲ့ပြီး ဇွန်လ နောက် ဆုံးပတ်အတွင်း မြို့နယ်အများအပြား$ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း UNOCHA က ထုတ်ပြန်သည်။

၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လို အပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် သည် ခြောက်လတိုင်ခဲ့သည့်တိုင် ရန်ပုံငွေရ ရှိမှု အလွန်နည်းပါးနေပြီး ၁၂ ရာခိုင်နှုန်းခန့် သာ ရန်ပုံငွေ ရရှိသေးကြောင်းနှင့် မြန်မာနိုင် ငံရှိ ထိခိုက်ခံစားခဲ့ရသူများကို ပံ့ပိုးကူညီရန် အတွက် ရန်ပုံငွေများ ထပ်မံလိုအပ်လျက်ရှိ ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။