ထိုင်းအိမ်ခြံမြေနှင့် ကွန်ဒိုအရောင်းအဝယ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ဦးသိမ်းဝေပိုင် Yoma Land ပြောကြား

ထိုင်းအိမ်ခြံမြေနှင့် ကွန်ဒိုအရောင်းအဝယ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ဦးသိမ်းဝေပိုင် Yoma Land ပြောကြား
Published 8 June 2024

ထိုင်းအိမ်ခြံမြေနှင့် ကွန်ဒိုအရောင်း အဝယ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ဦးသိမ်းဝေပိုင် Yoma Land က ငြင်းဆိုလိုက်သည်ဟု The Business Times တွင် သတင်း ဖော်ပြထားသည်။

Yoma Land ၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကွန်ဒိုမီနီယံများ ကို ရောင်းချမှုများတွင် မည်သို့မျှပါဝင်ပတ် သက်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံရှိ အိမ်ခြံ မြေများကို ရောင်းချရန်အတွက်သာ စိတ်ဝင် စားကြောင်း Yoma Land ၏ ထုတ်ပြန်ချက် ကို ကိုးကားပြီး သတင်းဖော်ပြထားသည်။

မေလကုန်ပိုင်းခန့်က ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အိမ်ခြံမြေအ ရောင်းပွဲတွင် ဦးသိမ်းဝေကိုယ်တိုင်တက် ရောက်ခဲ့သည့်  Yoma Land Myanmar Properties Fair in Thailand

ပွဲတွင်  Yoma Land  ကပိုင်ဆိုင်သည့် star city အိမ်ရာ၊ ပန်း လှိုင်အိမ်ရာနှင့် City Loft West

 အိမ်ရာတို့ကို မိတ်ဆက်ပြသခဲ့သည်။

ဘန်ကောက်ရှိ ကွန်ဒိုမီယံများနှင့် ပတ် သက်သည့် အိမ်ခြံမြေအရောင်းပွဲများမှာ Yoma Land သို့မဟုတ် အဖွဲ့နှင့် မည်သည့် ချိတ်ဆက်မှုမျိုးမှ မရှိကြောင်း Yoma Land က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ကွန်ဒိုများကို ဝယ်ယူမှု ၌ ယခုနှစ် သုံးလပတ်အတွင်းထိပ်ဆုံးဝယ်ယူ သူစာရင်းတွင် မြန်မာနိုင်ငံသားများမှာ နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဝယ်ယူသူအများဆုံးစာရင်းတွင် နံပါတ် ၃ နေ ရာ၌ ရပ်တည်ခဲ့သော်လည်း ရုတ်ခြည်းမြင့် တက်လာခဲ့ခြင်းလည်းဖြစ်သည်။

ထိုင်းတွင် ကွန်ဒိုဝယ်ယူသူများကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးယူ မှုများ ပြုလုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား အွန်လိုင်းမှတစ် ဆင့် တရားမဝင်ရောင်းချနေသည့် အခြားကုမ္ပဏီ များနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်မည်ဖြစ်သ ဖြင့် ပြည်သူများအနေဖြင့် ထိုကဲ့သို့ တရားမဝင် ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြု လုပ်နေသူများအား သိရှိပါ က သက်ဆိုင်ရာသို့ သတင်းပေးပို့ရန်အသိပေးကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent