မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် Passport လျှောက်ရာ၌ Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရ

မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် Passport လျှောက်ရာ၌ Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရ
Published 4 May 2024

မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် Passport လျှောက်ရာ၌ မေလ ၁ ရက်နေ့မှစတင်ကာ Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် Online Booking စနစ်ကို မေလ ၁ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း မော်လမြိုင် Passport ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “Online Booking စနစ်နဲ့ဆိုတော့ ကိုယ့်ရက်ချိန်းရမှ ရုံးကိုလာရမယ်ဆိုတော့ အချိန်ကုန်သက်သာသွားမယ်။ အဲဒီအပြင်ပိုက်ဆံကုန်ကျမှုလည်း သက်သာသွားမယ်” ဟု ပြောကြားသည်။

Online မှတဆင့် Booking ရယူမည့်သူများသည် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့လိုအပ်ပြီး www.passport .gov.mm website တွင်လူကိုယ်တိုင်ဖြစ်စေ၊ အင်တာနက်အခက်အခဲရှိသူများအနေဖြင့် ကိုယ်စားဖြင့် ဖြစ်စေ စာရင်းတင်နိုင်ကြောင်း သိရသည်။

Online Booking စနစ်ပြောင်းလိုက်သည့်အတွက် Passport လုပ်လိုသူများအတွက် များစွာအဆင်ပြေသွားမည်ကြောင်းလည်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဟိုးအရင်က ပတ်စပို့လုပ်ချင်ရင်ရုံးကိုသွားပြီး အချိန်အကြာကြီးစောင့်ဆိုင်ပြီးလုပ်ရသလို၊ ဟိုနေ့ချိန်း၊ ဒီနေ့ ချိန်းနဲ့ အဆင်မပြေဘူး။ အခုလို Online Booking စနစ်ကို ပြောင်းလိုက်တာ တော်တော်လေးကို အဆင်ပြေသွားတယ်။ ဒါပေမယ့် လာမယ့် နိုဝင်ဘာလအထိကို Booking ကပြည့်သွားပြီးလို့ သိရတယ်” ဟု ပြောကြားသည်။

Online Booking စနစ်ဖြင့် စာရင်းတင်ပြီးပါက သက်မှတ်ပေးသည့် ရက်ချိန်းအတိုင်းရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လာရောက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင်လည်း Online Booking စနစ်ကို မေလ (၁) ရက်မှစတင်ကာ အသုံးပြုဆောင်ရွက်ပေးနေကြောင်း သိရသည်။

Most Read

Most Recent