ဘယ်လိုအဖြေနဲ့ အဆုံးသတ်မလဲ အဆုံးအဖြတ် နောက်ဆုံးပွဲ

ဘယ်လိုအဖြေနဲ့ အဆုံးသတ်မလဲ အဆုံးအဖြတ် နောက်ဆုံးပွဲ
Photos: X
Photos: X
Published 18 May 2024
Wai Yan Aung

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်(၁၀)ပွဲထဲမှာ ရင်ခုန်စရာအကောင်းဆုံးဖြစ်မှာကတော့ အာဆင်နယ် - အဲဗာတန်ပွဲနဲ့ မန်စီးတီး - ဝက်စ်ဟမ်းပွဲတွေပါပဲ။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်က အစဉ်အလာအတိုင်း တစ်နေ့တည်း၊ တစ်ချိန်တည်းမှာ တစ်ပြိုင်နက် ယှဉ်ပြိုင်ကစားရမှာပါ။  မြန်မာစံတော်ချိန် ည(၉း၃၀)နာရီမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပရိသတ်အတော်များများက ဝက်စ်ဟမ်းနဲ့ ပွဲမှာ မန်စီးတီးအသင်း ခြေချော်နိုင်သလားလို့ တွေးနေကြပေမဲ့ တကယ်တော့ အာဆင်နယ်အသင်းလည်း အဲဗာတန်နဲ့ပွဲမှာ ခြေချော်သွားနိုင်သေးတာပါပဲ။ နောက်ဆုံး(၅)ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်အသင်းရဲ့ လက်ရှိခြေစွမ်းအရ အဲဗာတန်နဲ့ပွဲမှာ ခြေချော်ဖို့ အလားအလာနည်းတယ်ဆိုပေမဲ့ ဖြစ်နိုင်ခြေတစ်ခုကိုတော့ တွေးထားရမှာပါပဲ။ မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တာဟာလည်း ဘောလုံးရဲ့ အလှတရားတစ်မျိုးပါပဲ။ ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းတုန်းက နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ခံယူခဲ့ရတဲ့ ရာသီတစ်ခုမှာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်တာ ရှိခဲ့ဖူးပါတယ်။

 

Most Read

Most Recent