■ နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 

■ နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 7 June 2024

စကော့တလန် - ဖင်လန် (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် နံနက် ၁:၁၅ နာရီ)

ဖင်လန်က ပေါ်တူဂီနဲ့ပွဲမှာ (၂) ဂိုးသွင်းပြီး ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဖင်လန်ရဲ့ တိုက်စစ်ကစားပုံ၊အသင်းလိုက်ကစားပုံက သိပ်တော့ အားရစရာမရှိဘူး။ စကော့တလန်က ပိုမာကျောပါတယ်။ စကော့တလန် သရေနဲ့ အနိုင်ပဲ။

အင်္ဂလန် - အိုက်စလန် (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် နံနက် ၁:၁၅ နာရီ)

ဘော့စနီးယားအသင်းကို အနိုင်ကစားခဲ့တဲ့ပွဲအပြီး အင်္ဂလန်အသင်းအတွက် နောက်ထပ်နိုင်ပွဲရှာဖွေမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ ဘော်လ်ကန်ဒရာဂွန်တွေနဲ့ ကစားခဲ့တဲ့ပွဲမှာ ဆောက်ဂိတ်က အဓိကအသင်းတစ်သင်းလုံးနီးပါးကို အနားပေးထားခဲ့တာကို တွေ့ရပေမယ့် အင်္ဂလန်အသင်းက ပွဲကို ကောင်းကောင်းစိုးမိုးကစားနိုင်ခဲ့တယ်။ အိုက်စလန်က ယူကရိန်းကို ရှုံးခဲ့တဲ့ ပွဲအပြီး ပထမဆုံးပွဲကို ပြန်ကစားရမှာဖြစ်ပြီး ပိုမြင့်တဲ့တောင်ကို တက်ရဦးမှာ ဖြစ်တယ်။ အင်္ဂလန်အသင်းက ဒီပွဲမတိုင်ခင်မှာ အပြီးသတ် လူစာရင်းထုတ်ပြန်မှာဖြစ်ပြီး ယူရိုကို ကိုယ်စားပြုခွင့်ရတဲ့ ကစားသမားတွေနဲ့ ဘော့စနီးယားပွဲထက် ပိုတောင့်တင်းတဲ့လူစာရင်းလည်း ဖြစ်လာဖို့ ရှိတယ်။ အင်္ဂလန်ပဲ ဂိုးပြတ်သွင်းလိမ့်မယ်။ 



ပိုလန် - ယူကရိန်း (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် နံနက် ၁:၁၅ နာရီ)

အိမ်နီးချင်း နိုင်ငံတွေဖြစ်သလို၊ မဟာမိတ်နိုင်ငံ၊ မိတ်ဆွေ နိုင်ငံတွေလည်းဖြစ်တယ်။ နှစ်သင်းစလုံးက ဘောလုံး ရေခံမြေခံ ကောင်းတဲ့ နိုင်ငံတွေဖြစ်ပြီး ထိပ်တန်းကစားသမားအများအပြားကို ပိုင်ဆိုင်ထားကြတယ်။ ပိုလန်ကတော့ ယူကရိန်းထက် နည်းနည်းလေး ပိုသာတယ်လို့ ယူဆရတယ်။ ဒါပေမဲ့ ဒီပွဲက ခြေမကွာတဲ့ပွဲပါ။ သရေပဲ ကျမယ်။ 



ဂျာမနီ - ဂရိ (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် နံနက် ၁:၁၅ နာရီ)

ဂျာမနီအသင်းက နောက်ပိုင်းပွဲတွေမှာ သိသိသာသာ ခြေပြန်တက်လာခဲ့တယ်။ ပြင်သစ်နဲ့ နယ်သာလန်တို့လိုအသင်းတွေကို လှလှပပ အနိုင်ယူခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ ယူကရိန်းကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းပိုင်းကတော့ ပိုကောင်းပါတယ်။ တိုနီကရို့စ်ကို အနားပေးထားတဲ့ပွဲမှာ ဂျာမနီရဲ့ ကစားပုံနည်းနည်းပြန်ကျသွားတာလည်း တွေ့ရတယ်။ ဂရိကတော့ ကွန်းဖရန့်လိဂ်ချန်ပီယံအိုလံပီယာကော့စ်ကစားသမားတွေနဲ့ လာမှာပါ။ ဒါပေမဲ့ ဂျာမနီပဲ နိုင်လိမ့်မယ်။ 

■ အခြားပွဲစဉ်များ

*ကမ္ဘောဒီးယား - မွန်ဂိုလီးယား (မြန်မာစံတော်ချိန် ဇွန်လ ၇ ရက် ညနေ ၅:၃၀ နာရီ)

*ချက် - မော်လ်တာ (မြန်မာစံတော်ချိန် ဇွန်လ ၇ ရက် ည ၁၀:၀၀ နာရီ)

*အာမေးနီးယား - ကာဇက်စတန် (မြန်မာစံတော်ချိန် ဇွန်လ ၇ ရက် ည ၁၀:၃၀ နာရီ)

*အယ်လ်ဘေးနီးယား - အဇာဘိုင်ဂျန် (မြန်မာစံတော်ချိန် ဇွန်လ ၇ ရက် ည ၁၁:၃၀ နာရီ)

ဘီလာရုစ် - ရုရှား* (မြန်မာစံတော်ချိန် ဇွန်လ ၇ ရက် ည ၁၁:၃၀ နာရီ)

*ရိုမေးနီးယား - လီချင်စတိန်း (မြန်မာစံတော်ချိန် ဇွန်လ ၈ ရက် နံနက် ၀၀:၃၀ နာရီ)

Most Read

Most Recent