ပါရီအိုလံပစ်ဓားခုတ်ပြိုင်ပွဲတွင် အီဂျစ်အမျိုးသမီးအားကစားသမား ကိုယ်ဝန်ခုနစ်လဖြင့် ပြိုင်ပွဲဝင်ခဲ့

ပါရီအိုလံပစ်ဓားခုတ်ပြိုင်ပွဲတွင် အီဂျစ်အမျိုးသမီးအားကစားသမား ကိုယ်ဝန်ခုနစ်လဖြင့် ပြိုင်ပွဲဝင်ခဲ့
Photo: Getty Images
Photo: Getty Images
Published 1 August 2024

ကျင်းပလျက်ရှိသည့် ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲ ဓားခုတ်အားကစားနည်းတွင်  အီဂျစ်အမျိုးသမီးကစားသမား နာဒါဟာဖီသည် ကိုယ်ဝန်ခုနစ်လဖြင့် အိုလံပစ်ပြိုင်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ်ရှိ ဟာဖီအနေဖြင့် ဓားခုတ် Individual Sabre ပြိုင်ပွဲ (၃၂)ဦးအဆင့်ပွဲစဉ်တွင် အနိုင်ရခဲ့သော်လည်း (၁၆)ဦးအဆင့်မှ ထွက်ခဲ့ရသည်။

၎င်းအနေဖြင့် (၃၂) ဦးအဆင့်တွင် အမေရိကန်ကစားသမား တာတာကော့စကီးကို (၁၅-၁၃)မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း (၁၆)ဦးအဆင့်တွင် တောင်ကိုရီးယားမှ ဂျောင်ဟာယောင်းကို (၇-၁၅)မှတ်ဖြင့် အပြတ်အသတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent