ရစ်ချာလီဆန်အား ရောင်းချပြီးမှသာ တိုနေးကို စပါး ခေါ်ယူနိုင်မည်

ရစ်ချာလီဆန်အား ရောင်းချပြီးမှသာ တိုနေးကို စပါး ခေါ်ယူနိုင်မည်
Photo: The Spurs Watch
Photo: The Spurs Watch
Published 1 August 2024

စပါးအသင်းအနေဖြင့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား ခေါ်ယူမည်ဆိုပါက အသင်းတိုက်စစ်ကစားသမား ရစ်ချာလီဆန်အား ရောင်းချပြီးမှသာ ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

စပါးအသင်းသည် ယခုနွေတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နီးပါးအသုံးပြုထားပြီး ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ကစားသမားသစ်ခေါ်ယူလိုပါက အသင်းရှိကစားသမားများကို ဦးစွာရောင်းထုတ်ရဖွယ်ရှိနေသည်။

စပါးအသင်းသည် ဟာရီကိန်း၏နေရာတွင် အစားထိုးရန်အတွက် ပေါင်သန်း (၅၀)ဖြင့် ရရှိနိုင်သည့် တိုနေးအား ခေါ်ယူလိုနေခြင်း ဖြစ်သည်။

သို့သော် စပါးအနေဖြင့် ရစ်ချာလီဆန်အား ဆော်ဒီသို့ ပေါင်သန်း (၆၀)ဖြင့် ရောင်းချပြီးမှသာ တိုနေးကိုခေါ်ယူနိုုင်မည်ဖြစ်ကြောင်းသိရှိရသည်။ 

Most Read

Most Recent