ဘာစီလိုနာအသင်းကို ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကဲ့သို့ တည်ဆောက်သွားမည်ဖြစ်ကြောင်း အသင်းနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းကို ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကဲ့သို့ တည်ဆောက်သွားမည်ဖြစ်ကြောင်း အသင်းနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား
Photo: Hansi Flick X
Photo: Hansi Flick X
Published 1 August 2024

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အသင်းကို နာမည်ကျော်နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကဲ့သို့ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဇူလိုင် (၃၀) ရက်က ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဂွါဒီယိုလာ၏ မန်စီးတီးအသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ်မှာ ဟန်ဆီဖလစ်ခ်အတွက် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး အသင်း၏စွမ်းဆောင်မှုကို အားရကျေနပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက အသင်းကို မန်စီးတီးအား ဥပမာယူကာ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်က ''ကြီးကျယ်ခမ်းနားတဲ့အသင်းကို ကျွန်တော်တို့ ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်စစ်ရော ခံစစ်ပါ စုစုစည်းစည်းနဲ့ ကစားနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့တာပါ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က တိုက်စစ်ဖွင့်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာရဖို့ပါ။ ဒါပေမဲ့ ပြိုင်ဘက်က မန်စီးတီးဆိုတော့ မလွယ်ပါဘူး။ ဂွါဒီယိုလာက မန်စီးတီးကို (၈)နှစ်ကြာ တည်ဆောက်ခဲ့ပြီး ကျွန်တော်တို့လည်း သူတို့လိုဖြစ်ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent