ပွဲမတိုင်မီ စကားစစ်ထိုးခဲ့သည့် ရာဘီယူအား ပွဲအပြီးတွင် ယမားလ် တုံ့ပြန်

ပွဲမတိုင်မီ စကားစစ်ထိုးခဲ့သည့် ရာဘီယူအား ပွဲအပြီးတွင် ယမားလ် တုံ့ပြန်
Photo : Getty Images
Photo : Getty Images
Published 11 July 2024

စပိန်တောင်ပံတိုက်စစ်ကစားသမား ယမားလ်သည် ပွဲမတိုင်မီ စကားစစ်ထိုးခဲ့သည့် ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီယူအား ပြင်သစ်အသင်းကို အနိုင်ယူပြီးနောက် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

စပိန်-ပြင်သစ်ပွဲမတိုင်မီ ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီယူက စပိန်လူငယ်တောင်ပံတိုက် စစ်ကစားသမား ယမားလ်ကို ဖိအားပေးထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ ယမားလ်အနေဖြင့် ယူရိုဗိုလ်လုပွဲ ကစားလိုပါက ယခုထက်ပိုမိုကြိုးစားရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ပွဲကစားချိန်တွင် ယမားလ်သည် ရာဘီယူတားဆီးရန် ကြိုးစားနေသည့်ကြားမှာ စပိန်အတွက် ချေပဂိုးကို လှလှပပသွင်းယူခဲ့ပြီး ပွဲအပြီးတွင် စပိန်အသင်းက (၂-၁)ဂိုး ဖြင့် အနိုင်ရခဲ့သည်။

ယမားလ်သည် ပြင်သစ်အသင်းကို အနိုင်ရပြီးနောက် အောင်ပွဲခံရာ၌ ကင်မရာကို ကြည့်ကာ "အခု စကားပြောစမ်း။ အခု စကားပြောစမ်း"ဟု ပြောဆိုခဲ့သလို၊ Instagram ၌လည်း "တိတ်တဆိတ်ရွှေ့ပါ။ Checkmate လုပ်တော့မှ စကားပြောပါ"ဟုလည်း ရေးတင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent