■ လက်စတာကွင်းလယ်လူ ဒူစ်ဘာရီဟောလ်အား ချယ်လ်ဆီးအသင်း စတင်ကမ်းလှမ်း     

■ လက်စတာကွင်းလယ်လူ ဒူစ်ဘာရီဟောလ်အား ချယ်လ်ဆီးအသင်း စတင်ကမ်းလှမ်း     
Photo: Sky Sports
Photo: Sky Sports
Published 28 June 2024

ပရီးမီးယားလိဂ်ထိပ်သီးကလပ် အသင်းတစ်သင်းဖြစ်သည့် ချယ်လ်ဆီးအသင်းသည် လက်စတာစီးတီးအ သင်း၏ အသက် (၂၅) နှစ်အရွယ် အင်္ဂလိပ်လူမျိုး ကွင်းလယ်လူ ကီယာနန်ဒူစ်ဘာရီဟောလ်အား ခေါ်ယူရန် စတင်ကမ်းလှမ်းလိုက်ကြောင်း သိရှိရသည်။

    

ဒူစ်ဘာရီဟောလ်သည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်းကို လိဂ်ချန်ပီယံရှစ်တွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီ အသင်းနည်းပြရာထူးအတွက် လက်စတာစီးတီးအသင်းနည်းပြဖြစ်သူ အန် ဇိုမာရက်စ်ကာအား ခန့်အပ်ခဲ့ပြီးနောက် မာရက်စ်ကာက သူ၏အဓိက ကစားသမားဟောင်းဖြစ်ခဲ့သည့် ဒူစ်ဘာရီဟောလ်အား ခေါ်ယူရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

    

ဒူစ်ဘာရီဟောလ်သည် ကွင်းလယ်လူတစ်ဦးဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီက လက်စတာစီးတီးအသင်းအတွက် သွင်းဂိုး (၁၂) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၄) ကြိမ်အထိ ပြုလုပ်ပေးခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ EFL ၏ အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရသည်။ 

ထို့အတူ လက်စတာအသင်းက ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးဆုနှင့် အသင်းဖော်များက ရွေးချယ်သည့်အကောင်းဆုံးဆုကိုပါ ရရှိခဲ့သူဖြစ်သည်။ 

Most Read

Most Recent