ဘာပေ၏နေရာတွင် အစားထိုးနိုင်သူများရှိဟု ရာဘီယူ ဆို

ဘာပေ၏နေရာတွင် အစားထိုးနိုင်သူများရှိဟု ရာဘီယူ ဆို
Photo: Madrid Xtra
Photo: Madrid Xtra
Published 20 June 2024

ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီယူက ၎င်းတို့အသင်းတွင် ဘာပေ၏နေရာ အစားဝင်ကစားနိုင်သူများရှိကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေသည် သြစတြီးယားအား (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပြိုင်ဘက်နှင့်ထိခိုက်မိကာ နှာခေါင်းရိုးကျိုးခဲ့ခြင်းဖြစ်ပြီး အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ရာဘီယူက ''ဘာပေ ဒဏ်ရာရတာက ကျွန်တော်တို့အသင်းအတွက် ထိုးနှက်ချက်ဖြစ်ပါတယ်။ သူက အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ သူ့နေရာကို ဝင်ကစားနိုင်တဲ့ ကစားသမားတွေ အပြည့်ရှိတယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent