အာတီတာရဲ့ အတိတ်

အာတီတာရဲ့ အတိတ်
Photo: Daily Mail
Photo: Daily Mail
Published 8 June 2024
AK

ပင်လယ်ရေ၊ သဲမွမွကမ်းခြေနဲ့ နေရောင်ခြည်နွေးနွေး ပေါင်းဖက်ထားတဲ့ ထိတွေ့မှုဟာ အာတီတာ သဘောအကျဆုံးခံစားချက်ပဲ။ ငယ်ဘဝ အချိန်အများစုမှာ ပင်လယ်ကမ်းခြေဘေး၊ နေရောင်ခြည်နွေးနွေး ကျရောက်နေတဲ့ သဲမွမွထက် အာတီတာ ဘောလုံးကစားနေတတ်တယ်။ "ရေပြင်ကျယ်၊ နေရောင်နဲ့ကမ်းခြေကို ကျွန်တော် ချစ်ပါတယ်။ တစ်နေ့တာရဲ့ အချိန်အတော်များများမှာ ကျွန်တော််က ကမ်းခြေသွားပြီး ဘောလုံးကစားနေတတ်တယ်။ ကျွန်တော် ့ငယ်ဘဝရဲ့ အကောင်းဆုံးပေါင်းစပ်မှုပါပဲ" လို့ အာတီတာ ပြန်ပြောပြတယ်။ အသက် ၁၄ နှစ်အရွယ်ရောက်တဲ့အခါ လာမာစီယာမှာ ဂန္ထဝင် ဖြစ်လာမယ့်သူတွေနဲ့ အာတီတာ ရေစက်ဆုံခွင့်ရတယ်။ ဗစ်တာဗဲလ်ဒက်ဇ်၊ အင်နီယေစတာတို့က အာတီတာရဲ့ အခန်းဖော်တွေဖြစ်လာပါတယ်။ လာမာစီယာရောက်တဲ့ ပထမဆုံးနေ့မှာပဲ ရင်းနှီးခဲ့သူဟာ ပီပီရီနာပါပဲ။ အဲဒီအချိန်ကစတဲ့ သံယောဇဉ်ဟာ ရီနာနဲ့အာတီတာကြား အခုအချိန်အထိ မပြတ်ခဲ့ဘူး။

 

Most Read

Most Recent