ဒေးဗစ်မွိုက်စ်နေရာ လိုပယ်တယ်ဟီနှင့် အစားထိုးရန် ဝက်စ်ဟမ်းအသင်း ဆွေးနွေးနေ

ဒေးဗစ်မွိုက်စ်နေရာ လိုပယ်တယ်ဟီနှင့် အစားထိုးရန် ဝက်စ်ဟမ်းအသင်း ဆွေးနွေးနေ
Photo: Fabrizio
Photo: Fabrizio
Published 6 May 2024

ဝက်စ်ဟမ်းအသင်းသည် လက်ရှိနည်းပြ ဒေးဗစ်မွိုက်စ်၏နေရာတွင် ဝုလ်ဗ်နည်းပြဟောင်း လိုပယ်တယ်ဟီနှင့် အစားထိုးရန် စီစဉ်နေပြီး ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။

ဒေးဗစ်မွိုက်စ်သည် ဝက်စ်ဟမ်းအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (၃)ရာသီဆက် ဥရောပဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ၎င်း၏နည်းစနစ်ပိုင်းအပေါ် ပရိသတ်အများစုက နှစ်သက်သဘောကျခြင်းမရှိသည့်အတွက် အသင်းတာဝန်ရှိသူများက အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဒေးဗစ်မွိုက်စ်၏ အနာဂတ်နှင့်ပတ်သက်၍ ရာသီမကုန်မီ ဆုံးဖြတ်ဖွယ်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent