■ မန်ယူနှင့်အပြိုင် ခေါ်ယူရမည်ဖြစ်သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် အိုလီဆီကို ပိုမိုဆွဲဆောင်နိုင်မည်ဟု အက်စတွန်ဗီလာအသင်း ယုံကြည်

■ မန်ယူနှင့်အပြိုင် ခေါ်ယူရမည်ဖြစ်သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် အိုလီဆီကို ပိုမိုဆွဲဆောင်နိုင်မည်ဟု အက်စတွန်ဗီလာအသင်း ယုံကြည်
Photo: Getty Images
Photo: Getty Images
Published 10 May 2024

အက်စတွန်ဗီလာအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်း၏ ပြင်သစ်လူငယ်ကြယ်ပွင့်တောင်ပံကစားသ မားမီချဲလ်အိုလီဆီအား ခေါ်ယူနိုင်  လိမ့်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။

    

အိုလီဆီအတွက် ခရစ္စတယ်ပဲ လေ့စ်အသင်းက ပေါင်သန်း (၆၀)ဝန်းကျင်အထိ အလိုရှိနေပြီး ယင်းငွေပမာဏကို မန်ယူနိုက်တက်အသင်းကလည်း ပေးချေရန်အသင့်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ဗီလာအသင်းကမူ ၎င်းတို့သာ အရခေါ်ယူနိုင်မည်ဟု ယုံကြည်နေခြင်းလည်း ဖြစ်သည် 

အက်စတွန်ဗီလာအသင်း သည် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ရာနှုန်းပြည့်နီးပါး သေချာနေပြီး ယင်းအခြေ အနေက အိုလီဆီကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် အားသာချက်တစ်ခုအဖြစ် ရှုမြင်နေခြင်းလည်းဖြစ်သည်။ 

    

လက်ရှိအချိန်တွင် အက်စတွန် ဗီလာအသင်း၏ နည်းပြဖြစ်သူ အူနိုင်း အမ်မရီသာမက အသင်း၏ အားကစားဒါရိုက်တာတစ်ဦးဖြစ်သည့်မွန်ချီကပါ အိုလီဆီသည် အောင်မြင်မှုများ ရရှိမည့် ကစားသမားတစ်ဦးအဖြစ် ရှုမြင်လျက်ရှိသည်။ 

အိုလီဆီသည် ပြင်သစ် ယူ-၂၁ အသင်း၏ ကစားသမားတစ်ဦးဖြစ်ပြီး လူငယ်ကစားသမားဘဝတွင် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့၏ အကယ်ဒမီများတွင် ဖြတ်သန်းခဲ့ဖူးသူလည်းဖြစ်သည်။ 

Most Read

Most Recent