အီတီဟတ်ကွင်း၌ ကစားမည့်ပွဲတွင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ပါက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှ ထွက်ခွာရမည်ဟု မန်စီးတီးအသင်းကို ဘောလုံးဝေဖန်သူ ခရစ်ဆပ်တန် သတိပေး

အီတီဟတ်ကွင်း၌ ကစားမည့်ပွဲတွင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ပါက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှ ထွက်ခွာရမည်ဟု မန်စီးတီးအသင်းကို ဘောလုံးဝေဖန်သူ ခရစ်ဆပ်တန် သတိပေး
Photos: AFP & Daily Mail
Photos: AFP & Daily Mail
Published 30 March 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဘလက်ဘန်းဂန္ထဝင်တိုက်စစ်မှူး ခရစ်ဆပ်တန်က ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းအနေဖြင့် အိမ်ကွင်း အီတီဟတ်၌ ကစားမည့်ပွဲတွင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ပါက ပရီးမီးယားလိဂ်ချန်ပီ ယံလုပွဲမှ ထွက်ခွာရမည်ဟု သတိပေးပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ အဖြစ် အမှတ်ပေး ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းကို အိမ်ကွင်း အီတီဟတ်တွင် လက်ခံကစားရမည်ဖြစ်သည်။ မန်စီးတီးအသင်းသည် အဆိုပါပွဲစဉ်တွင် အနိုင်ရမည်ဆိုပါက အာဆင်နယ်အသင်းကို နှစ်မှတ်ပြန်ဖြတ်နိုင်မည်ဖြစ်သော်လည်း အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက လေးမှတ်အထိ ပြတ်သွားမည်ဖြစ်သည်။ 

ထို့ကြောင့် ဘလက်ဘန်းဂန္ထဝင် ခရစ်ဆပ်တန်က It's All Kicking Off podcast အစီအစဉ်၌ မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို လေးနှစ်ဆက် ရယူလိုပါက အာဆင်နယ်အသင်းကို ရှုံးနိမ့်၍မဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆပ်တန်က "ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၅ အတွင်းက အသင်းတွေနဲ့ တွေ့ဆုံရာမှာ မန်စီးတီးအသင်းဟာ ငါးမှတ်ပဲ ရယူထားနိုင်ပါတယ်။ အာဆင်နယ်အသင်းဆိုရင် ရှစ်မှတ်အထိ ရထားတာပါ။ လီဗာပူးလ်အသင်းကည်း ခြောက်မှတ် ရထားတယ်။ တကယ်တော့ ဒါက သိပ်အရေးပါတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအချိန်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်း အရှိန်တင်ရမယ့်အချိန် ဖြစ်ပါတယ်။ တကယ်လို့ သူတို့သာ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲကနေ ထွက်ခွာသွားရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

It's All Kicking Off podcast တွင် ဆပ်တန်နှင့်အတူ တင်ဆက်သည့် Daily Mail အားကစားကလောင်ရှင် လေဒီမန်းက မူ ဆပ်တန်၏သုံးသပ်ချက်ကို သဘောမတူကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော်ကတော့ ခင်ဗျားတို့ ပြောတာကို သဘောမတူပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့သုံးသပ်ချက်ကို အလေးထားပါတယ်။ တကယ်လို့ အီတီဟတ်ကွင်းမှာသာ အာဆင်နယ်အသင်း အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ သူတို့ အသာရသွားမှာတော့ အမှန်ပါပဲ"ဟု လေဒီမန်းက ပြောကြားခဲ့သည်။

 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်ချန်ပီ ယံဆုအတွက် အရေးကြီးနေချိန်တွင် မန်စီးတီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး ထိုစဉ်က (၁-၄) ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အာဆင်နယ်အသင်း သည် အီတီဟတ်ကွင်းတွင် မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလကစပြီး လုံးဝအနိုင်မရတော့ကြောင်း သိရသည်။ သို့သော် ခရစ်ဆပ်တန်က မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် အကောင်းဆုံးပုံစံကို မရရှိသေးခြင်းမှာ အာဆင်နယ်အတွက် အခွင့်အရေးဖြစ်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ 

ဆပ်တန်က "မန်စီးတီးကွင်းမှာ အာဆင်နယ်အသင်းရဲ့ ရလဒ်မကောင်းတဲ့ မှတ်တမ်းကို ခင်ဗျား ထောက်ပြနိုင်တယ်။ ဒါပေမဲ့ အဲဒီမှတ်တမ်းတွေက ပွဲကစားချိန်မှာ အရေးမပါပါဘူး။ အာဆင်နယ်ဟာ အခု ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးဖြစ်သလို ပေးဂိုးအနည်းဆုံးလည်း ဖြစ်တယ်။ မန်စီးတီးကတော့ ပြီးခဲ့တဲ့ရာသီကလောက် မကောင်းသေးဘူး။ တကယ်လို့ အီတီဟတ်မှာ အာဆင်နယ်နိုင်ခဲ့မယ်ဆိုရင် ချန်ပီယံဆုကို သူတို့နဲ့ လီဗာပူးလ်ပဲ ပြိုင်လုရမယ်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent