ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၁၃

ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၁၃
Photos: Getty Images
Photos: Getty Images
Published 27 March 2024
Chan Myae

စင်မြင့်ပေါ်ကို ရော်နယ်လ်ဒို တက်လာတော့ ဖလော်ရင်တီနိုပီရက်ဇ်က ကြိုနေတယ်။ သူ့ကို အတူတွဲခေါ်လာချိန်မှာ ရော်နယ်လ်ဒိုက "ဒီနေ့ပွဲရှိတာလား ဥက္ကဋ္ဌ" ဆိုပြီး စနောက်လိုက်သေးတယ်။  ပီရက်ဇ်က ရော်နယ်လ်ဒိုကို ပြုံးပြီး ကြည့်လိုက်တယ်။ ဒီလောက်များတဲ့ ပရိသတ်တွေကို မမျှော်လင့်ထားဘူးမဟုတ်လားလို့ မေးလိုက်တော့ ရော်နယ်လ်ဒိုက ပြန်ရယ်ပြီး ခေါင်းညိတ်ပြတယ်။ ပီရက်ဇ်က ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး အမှတ်တရကို စပြောတော့ ရော်နယ်လ်ဒိုက ပြုံးပြီးနားစိုက်ထောင်နေတယ်။ ပြီးတော့ သူ့ အလှည့်ရောက်လာတယ်။ ရော်နယ်လ်ဒိုက "ကောင်းသော ညချမ်းပါ။ ကျွန်တော် ဒီနေရာမှာ အလွန်ဂုဏ်ယူစွာ ရှိနေပါပြီ"လို့ အကျယ်ကြီး အော်ပြောလိုက်တယ်။ ပြီးတော့ "လူတွေ ဒီလောက်အများကြီးက ကျွန်တော့် မိတ်ဆက်ပွဲကို လာရောက်လိမ့်မယ်လို့ ကျွန်တော် ထင်ကို မထင်ထားဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းနဲ့ ဒီပရိသတ်တွေအတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါမယ်"လို့ ဆက်ပြောလိုက်ပါတယ်။ 

 

Most Read

Most Recent