လာမည့်ထိုးသတ်မည့်ပွဲအား မကြာမီအသိပေးနိုင်မည်ဟု မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် လူမှုကွန်ရက်မှတစ်ဆင့် အသိပေး

လာမည့်ထိုးသတ်မည့်ပွဲအား မကြာမီအသိပေးနိုင်မည်ဟု မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် လူမှုကွန်ရက်မှတစ်ဆင့် အသိပေး
Photo: Aung La Nsang Facebook
Photo: Aung La Nsang Facebook
Published 1 May 2024

 

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် လာမည့်ထိုးသတ်မည့်ပွဲကို မကြာမီ အသိပေးနိုင်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၂၃ ခုနှစ် မေ ၅ ရက်တွင် တရုတ်နိုင်ငံသား ဖန်ယုံနှင့် ယှဉ်ပြိုင်ထိုးသတ်ပြီးကတည်းက တစ်နှစ်ဝန်းကျင် ပွဲဝေးနေခြင်းဖြစ်သည်။ အောင်လအန် ဆန်သည် ပြီးခဲ့သည့်နှစ်ဝက်ကတည်းက One Championship အဖွဲ့အစည်းနှင့် ချုပ် ဆိုထားသည့် စာချုပ်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီး မူလက စာချုပ်သက်တမ်းမတိုးသဖြင့် အခြားတိုက်ခိုက်ရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ 

သို့သော် One Championship အဖွဲ့အစည်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် အောင်လအန်ဆန်ကို စာချုပ်သစ် ချုပ်ဆိုခဲ့သော်လည်း ဧပြီလကုန်ပိုင်း အထိ ပွဲစီစဉ်ပေးနိုင်ခြင်းမရှိဘဲ ဧပြီ ၂၉ ရက်မှ အောင်လအန်ဆန်က ၎င်း၏လာမည့်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်မှတစ်ဆင့် အရိပ်အမြွက် အသိပေးလာခြင်းဖြစ်သည်။ သို့သော် ပြိုင်ဘက်ကစားသမား ထုတ်ပြန်ခြင်းမရှိသေးဘဲ One Championship အဖွဲ့အစည်းအနေဖြင့် လာမည့်ရက်ပိုင်းတွင် အတည်ပြုထုတ်ပြန်ဖွယ်ရှိနေသည်။

အောင်လအန်ဆန်သည် လာမည့်ပွဲတွင်လည်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ခွင့်ရရန် မသေချာသေးဘဲ စိန်ခေါ်ပွဲသာ ထိုးသတ်ရဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် ယခင်က ONE မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း၊ ၂၀၂၁ ခုနှစ် ဧပြီတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများကို နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး လက်လွှတ်ခဲ့ရသည်။ 

အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုစလုံး လက်လွှတ်ခဲ့ရပြီးနောက် မစ်ဒယ်ဝိတ်တန်းတစ်ခုတည်းကိုသာ ထိုးသတ်လျက်ရှိပြီး စိန်ခေါ်ပွဲ ငါးပွဲထိုးသတ်ရာ လေးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ အောင်လအန်ဆန်ထံမှ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုရယူထားသည့် ဒီရစ်ဒါသည် ယခုနှစ် မတ် ၁ ရက်တွင် ရုရှားနိုင်ငံသား မာလီခင်ကို ရှုံးနိမ့်ပြီး ချန်ပီယံခါးပတ် လွှဲပေးခဲ့ရသည်။

Most Read

Most Recent