ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 3 April 2024

အာဆင်နယ် - လူတန် (ကြာသပတေးနံနက် ၁း၀၀ နာရီ)

အာဆင်နယ်အတွက် စိတ်ပူစရာ မရှိတဲ့ ပွဲစဉ်ပါ။ လူတန် က တိုက်စစ်ကစားပုံရော၊ အသင်းလိုက် စုဖွဲ့ပုံပါ ကောင်းမွန် ပြီး ပြိုင်ဘက်အသင်းတွေကို ထိုးနှက်တတ်တဲ့ တိုက်စစ်ကစား ဟန် ရှိတယ်။ ဒါပေမဲ့ လူတန်ရဲ့ အဓိက ပြဿနာက ခံစစ်ပိုင်း အရမ်းအားပျော့လွန်းတာ ဖြစ်ပြီး ဒီအချက်ကပဲ အာဆင်နယ် အသင်းကို လိုက်မီဖို့ ခက်တဲ့ အချက်ဖြစ်တယ်။ အာဆင်နယ် က ဒီရာသီမှာ ခြေစွမ်းက တော်တော်လေး တည်ငြိမ်တဲ့အပြင် ရင့်ကျက်တဲ့ စိတ်ဓာတ်ပိုင်းနဲ့ Performance ကောင်းကို ပြ သလေ့ရှိတယ်။ နိုင်သင့်တဲ့ပွဲတွေမှာ နိုင်ပွဲယူဖို့ စိတ်ချရတဲ့အ သင်းမျိုးလည်းဖြစ်တယ်။ တိုက်စစ်ကောင်းသလို ခံစစ်ကလည်း လူတန်ကို အခွင့်အရေး ပေးမှာမဟုတ်ဘူး။ အာဆင်နယ် ဂိုး ပြတ်သွင်းလိမ့်မယ်။ 

ဘရန့်ဖို့ဒ် - ဘရိုက်တန် (ကြာသပတေးနံနက် ၁း၀၀ နာရီ)

နှစ်သင်းစလုံး ကိုယ်ပိုင်ဟန်ကို ကောင်းကောင်းပြသနိုင် တဲ့အသင်းတွေပါ။ ဘရိုက်တန်က ကစားပုံ ပိုညက်ညောတယ် လို့ ပြောနိုင်ပေမယ့် ဘရန့်ဖို့ဒ်အသင်းကတော့ ပိုမာကျောသလို  အမြန်နှုန်းကို ပိုတင်နိုင်တယ်။ ခံစစ်ကနေ တိုက်စစ်ကို ပေးပို့မှု အနည်းငယ်နဲ့ ရောက်အောင်ကစားပြီး ထိထိရောက်ရောက် ထိုး ဖောက်လေ့ရှိတယ်။ ဘရိုက်တန်က ပိုကောင်းတဲ့အသင်းဖြစ်သ လို ခြေလည်းသာပေမယ့် ဘရန့်ဖို့ဒ်ကိုပဲ ကြိုက်တယ်။ 

မန်စီးတီး - အက်စတွန်ဗီလာ  (ကြာသပတေးနံနက် ၁း၄၅ နာရီ)

မန်ချက်စတာစီးတီးအတွက်လုံး၀ အမှားခံလို့မရတဲ့ ပွဲ ဖြစ်ပြီး အက်စတွန်ဗီလာကလည်း ဒီပွဲမှာ ရသလောက်အမှတ် သယ်သွားမှ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရမှာ ဖြစ် တယ်။ UEFA Coefficient ကြောင့် အင်္ဂလိပ် အသင်းတစ် သင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ပိုရမယ်ဆိုရင် အက် စတွန်ဗီလာက အရမ်းစိုးရိမ်စရာ မရှိပေမယ့် မရခဲ့ဘူးဆိုရင် တော့ စပါးအသင်းနဲ့ တိုက်ပွဲက ရာသီကုန်အထိ ပြင်းထန်နေ မှာ ဖြစ်လို့ ဗီလာအတွက်လည်း အမှားလုပ်လို့ မရဘူး။ လက် ရှိ အနေအထားမှာ ဗီလာက ရလဒ်တွေ ကျဆင်းနေရာက နောက်ဆုံးပွဲမှာတော့ နိုင်ပွဲပြန်ရလိုက်တယ်။ အသင်းရဲ့ ခြေ စွမ်းက အတိုင်းအတာတစ်ခုအထိ မာကျောပေမယ့် ခံစစ်ပိုင်း ပြဿနာတော့ ရှိနေတယ်။ မန်စီးတီးက အီတီဟတ်ကွင်းမှာ ယှဉ်ကစားဖို့ ခက်တဲ့အသင်းပါ။ ဒါပေမဲ့ အက်စတွန်ဗီလာမှာ  မန်စီးတီးကို တန်ပြန်တိုက်စစ်ကနေ ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ က စားသမားကောင်းတွေ ရှိနေတာကို တွေ့ရတယ်။ မန်စီးတီး ကလည်း ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းက  အရင်ကထက်စာရင် နည်းနည်းလေး အားနည်းလာတဲ့အတွက် အက်စတွန်ဗီလာ သရေခံကစားသွားရင် အံ့သြစရာမရှိဘူး။ 

Most Read

Most Recent