စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိဟု ဂျော်ဂျင်ဟို၏အေးဂျင့် ဆို

စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိဟု ဂျော်ဂျင်ဟို၏အေးဂျင့် ဆို
Photo: Getty Images
Photo: Getty Images
Published 28 March 2024

အာဆင်နယ်ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို၏အေးဂျင့်ဖြစ်သူက ကစားသမားအတွက် အာဆင်နယ်အသင်းဘက်မှ စာချုပ်သစ်ကမ်းလှမ်း မှုမရှိသေးကြောင်း ပြောကြားခဲ့သည်။

အသက် (၃၂) နှစ်အရွယ်ရှိ ဂျော်ဂျင်ဟိုသည် ယခုရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် အီတလီနှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရသည်။

ဂျော်ဂျင်ဟို၏အေးဂျင့်က '' ဂျော်ဂျင်ဟိုရဲ့စာချုပ်က အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာပါ။ အခုအချိန်ထိတော့ အာဆင်နယ်ဘက်က ကမ်းလှမ်းမှု မရှိသေးပါဘူး။ အဲဒီကိစ္စအတွက် ကျွန်တော်တို့အနေနဲ့ သိပ်မကြာခင်မှာ ဆွေးနွေးရမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent