■ မန်ယူနည်းပြသစ် ဖြစ်နိုင်ခြေစာရင်းတွင် ဆောက်ဂိတ် ပါဝင်လာ     

■ မန်ယူနည်းပြသစ် ဖြစ်နိုင်ခြေစာရင်းတွင် ဆောက်ဂိတ် ပါဝင်လာ     
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာနိုင်သူအဖြစ် ထင်ကြေးပေးခံရသည့်စာရင်းတွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်လည်း ပါဝင်လာကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းတာဝန်ရှိသူများသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိိပါက လက်ရှိနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ 

ယခုအခါ မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာနိုင်ဖွယ်ရှိသူအဖြစ် ဆောက်ဂိတ်လည်း ထင်ကြေးပေးခံလာရခြင်းဖြစ်သည်။ 

ဆောက်ဂိတ်ကလည်း ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းကို ကိုင်တွယ်လိုသည်ဟု ပြောကြားခဲ့ဖူးသည်။

Most Read

Most Recent