လီဗာပူးလ်အသင်း၏အကူးအပြောင်းကာလတွင် အစိတ်အပိုင်းတစ်ခုအဖြစ် မိမိ ရှိနေမည်ဟု အသင်းခေါင်းဆောင် ဗန်ဒိုက် ပြောကြား

လီဗာပူးလ်အသင်း၏အကူးအပြောင်းကာလတွင် အစိတ်အပိုင်းတစ်ခုအဖြစ် မိမိ ရှိနေမည်ဟု အသင်းခေါင်းဆောင် ဗန်ဒိုက် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 9 May 2024

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်း၏အကူးအပြောင်း ကာလတွင် မိမိအနေဖြင့် အသင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။

လီဗာပူးလ်အသင်းနှင့် (၉)နှစ်နီးပါး လက်တွဲလာခဲ့သည့် နည်းပြ ကလော့ပ်သည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ပြီး ၎င်းနေရာတွင် ဖီယင်နုနည်းပြ အာနီဆလော့ကို အစားထိုးခန့်အပ်ရန် သဘောတူညီမှု ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် လီဗာပူးလ်အသင်းတွင် စာချုပ်တစ်နှစ်သာ ကျန်ရှိတော့သည့် အသင်းခေါင်းဆောင် ဗန်ဒိုက်၊ တိုက်စစ်ကစားသမား ဆာလာတို့မှာ ကလော့ပ်၏ထွက်ခွာမှုနှင့်အတူ အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။

သို့သော် လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က မိမိအနေဖြင့် အသင်း၏အစိတ်အပိုင်းအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗန်ဒိုက်က "လီဗာပူးလ်ဟာ ကြီးမားတဲ့အကူးအပြောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကျွန်တော့်ဟာ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမှာပါ။ အခုအချိန်မှာ အသင်းက နည်းပြသစ်ခန့်အပ်ရေးနဲ့ အလုပ်တွေ များနေပါတယ်။ ကျွန်တော် ဒီမှာနေရတာကို အရမ်းပျော်ပြီး လီဗာပူးလ်ကို ချစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent