ယိုဟန်ခရိုက်ဖ်ကွယ်လွန်မှု (၈)နှစ်ပြည့်၌ ဖီဖာ ဂုဏ်ပြုဖော်ပြမှုပြုလုပ်

ယိုဟန်ခရိုက်ဖ်ကွယ်လွန်မှု (၈)နှစ်ပြည့်၌ ဖီဖာ ဂုဏ်ပြုဖော်ပြမှုပြုလုပ်
Photo: X
Photo: X
Published 25 March 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် နာမည်ကျော် နယ်သာလန်ကစားသမားနှင့် နည်းပြဟောင်း ယိုဟန်ခရိုက်ဖ် ကွယ်လွန်မှု (၈)နှစ်ပြည့်၌ ဖီဖာဝက်ဘ်ဆိုက်တွင် ဂုဏ်ပြုဖော်ပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယိုဟန်ခရိုက်ဖ်သည် ဘောလုံးကစားနည်းကို ဆန်းသစ်ပြောင်းလဲပေးခဲ့သူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး အသက်(၆၈)နှစ်အရွယ်တွင် ၂၀၁၆ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ယိုဟန်ခရိုက်ဖ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကွယ်လွန်မှု(၈)နှစ်ပြည့်ခဲ့ပြီး ဖီဖာက ၎င်း၏အကြောင်း ဂုဏ်ပြုဖော်ပြမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent