ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းတွင် ကစားနေသည့် ဆွီဒင်ကွင်းလယ်လူ အော်လ်ဆန် ဦးနှောက်အတွင်း သွေးခဲသည့်ဝေဒနာ ခံစားနေရ

ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းတွင် ကစားနေသည့် ဆွီဒင်ကွင်းလယ်လူ အော်လ်ဆန် ဦးနှောက်အတွင်း သွေးခဲသည့်ဝေဒနာ ခံစားနေရ
Photo: Getty Images
Photo: Getty Images
Published 10 March 2024

 

ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းတွင် ကစားနေသည့် ဆွီဒင်လက်ရွေးစင်ကွင်း လယ်လူ ခရစ္စတိုဖာအော်လ်ဆန်သည် ဦး နှောက်အတွင်း သွေးခဲများတွေ့ရှိသည့်ဝေဒနာ ခံစားနေရကြောင်း သိရသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သူ အော်လ်ဆန် သည် နေအိမ်၌ သတိလစ်သွားပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆေးရုံတင်ပို့ခဲ့ရပြီး အသက်ရှူကိရိယာဖြင့် ဆေးကုသမှုခံယူနေရသည်။ 

မစ်ဂျေးလန်းအသင်း၏ ထုတ်ပြန်မှုအရ အော်လ်ဆန်၏ ဦးနှောက်နှစ်ခြမ်းစလုံးတွင် သွေးခဲငယ်များစွာတွေ့ရှိရပြီး ဦးနှောက်သွေးကြောမှာ အလွန်ရှားပါးသည့် ရောင်ရမ်းမှုအခြေအနေကြောင့် ယခုလိုဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ၎င်း၏အခြေအနေမှာ တည်ငြိမ်လာပြီဟု ယူဆရပြီး တိုးတက်မှုအချို့ ဆက်လက်မြင်တွေ့နေရကြောင်း၊ သတိရမှုအဆင့် တိုးတက်လာသည်ဟု ခံစားရသလို အသက်ရှူကိရိယာကို တဖြည်းဖြည်းချင်းဖယ်ရှားနိုင် ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အထူးကြပ်မတ်ကုသမှု ခံယူရဦးမည်ဖြစ်ပြီး ကုသမှုအတွက် ကြာမြင့်မည့်အချိန်နှင့် အခြေအနေကိုမူ အတိအကျမပြောနိုင်သေးကြောင်း သိရသည်။

အော်လ်ဆန်သည် အာဆင်နယ်အသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက် လိဂ်ဖလားပွဲစဉ်တစ်ပွဲသာ ကစားခွင့်ရခဲ့သည်။ ထို့နောက် ၎င်းသည် မစ်ဂျေးလန်း၊ AIK၊ ခရက်စ်နိုဒါ၊ အန်ဒါလက်ချ် အသင်းများသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ် နွေရာသီတွင် အသင်းဟောင်း မစ်ဂျေးလန်း သို့ အငှားဖြင့် ကနဦးပြောင်းရွှေ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

အော်လ်ဆန်သည် ဆွီဒင်လက်ရွေးစင်အသင်းအတွက်လည်း ၄၇ ပွဲ ပါဝင်ကစားထားသည်။

Most Read

Most Recent