ရိုးမား တိုက်စစ်ကစားသမား ဒီဘားလားကို ခေါ်ယူရန် ဘာစီလိုနာအသင်း ကမ်းလှမ်းထား

ရိုးမား တိုက်စစ်ကစားသမား ဒီဘားလားကို ခေါ်ယူရန် ဘာစီလိုနာအသင်း ကမ်းလှမ်းထား
Photo: Getty Images
Photo: Getty Images
Published 10 March 2024

 

ဘာစီလိုနာအသင်းသည် ရိုးမား တိုက်စစ်ကစားသမား ဒီဘားလားအား လာမည့် ၂၀၂၄ နွေရာသီတွင် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း  Sport က ဖော်ပြခဲ့သည်။ 

အသက် (၃၀)နှစ် အရွယ်ရှိ ဒီဘားလားသည် ရိုးမားအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေသော်လည်း လာမည့်နွေတွင် ပြည်ပကလပ်အသင်းထံသို့ ယူရို (၁၂) သန်းဖြင့် ပြောင်းရွှေ့ခွင့်ရှိနေကြောင်း သိရှိရသည်။ 

ထို့ကြောင့် ဒီဘားလားကို ခေါ်ယူရန် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ ဘာစီလိုနာအသင်းက ၎င်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း  Sport က ဖော်ပြခဲ့သည်။ 

လက်ရှိတွင် ဒီဘားလားအား ခေါ်ယူရန် ဘာစီလိုနာအပြင် အက်သလက်တီကိုနှင့် ဝက်စ်ဟမ်း အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ဒီဘားလားအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက ရိုးမားအသင်းတွင် ရရှိနေသည့်လစာထက် လျှော့ယူရဖွယ်ရှိကြောင်းလည်း သိရသည်။ 

ဒီဘားလားသည် ရိုးမားအသင်းအတွက် ယခုရာသီတွင် ပြိုင်ပွဲစုံ၂၇ ပွဲ ကစားထားပြီး (၁၄) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent