ဖိုဒန် ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် အသင်းဖော် ဒီဘရိုင်းနား မပါဝင်

ဖိုဒန် ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် အသင်းဖော် ဒီဘရိုင်းနား မပါဝင်
Photo: Getty Images
Photo: Getty Images
Published 22 April 2024

မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန် ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း(Premier League XI)တွင် အသင်းဖော် ဒီဘရိုင်းနား ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ဖိုဒန်သည် အဆိုပါ အကောင်းဆုံးအသင်းတွင် ကစားသမားဟောင်းများအပါအဝင် မန်စီးတီးကစားသမား (၇)ဦးအထိ ရွေးချယ်ခဲ့သော်လည်း ဒီဘရိုင်းနား ပါဝင်ခြင်းမရှိသည့်အတွက် ပရိသတ်အချို့က ဝေဖန်ခဲ့ကြသည်။

ဖိုဒန် ရွေးချယ်ခဲ့သည့် ကစားသမားများမှာ ဂိုး- အီဒါဆန်၊ နောက်- ဝေါ်လ်ကာ၊ ကွန်ပနီ၊ ဗန်ဒိုက်၊ အက်ရှ်လေကိုးလ်၊ လယ်- စီရော်နယ်လ်ဒို၊ ဗီယာရာ၊ ဒေးဗစ်ဆေးလ်ဗား၊ အွန်နရီ၊ ရှေ့- ရွန်နီ၊ အဂွဲရိုးတို့ဖြစ်သည်။

ဖိုဒန်သည် Daily Mail နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ယင်းကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent