‌■ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

‌■ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 March 2024

♦ ဘိုင်ယန်မြူးနစ် - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၆ ရက် နံနက် ၂း၃၀ နာရီ)

ပထမအကျော့ရလဒ် ◘ လာဇီယို ၁-၀ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အခြေအနေက တော်တော်လေးဆိုးနေတယ်။ ဒီရာသီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ ကာလတွေအတွင်းမှာ အဆိုးရွားဆုံးရာသီလို့တောင် ပြောလို့ရတယ်။ ပြည်တွင်းဖလားကို ရစရာ မရှိတော့ဘူး။ အမှတ်ပေးချန်ပီယံဖလားကို ရစရာမရှိတော့သလောက် ဖြစ်သွားပြီ။ ဒီအခြေအနေမှာ ဘိုင်ယန်မြူးနစ်ရဲ့ရာသီကို ကယ်တင်စရာ၊ သောမတ်စ်တူဟယ်လ်ရဲ့ဂုဏ်သိက္ခာကို ကာကွယ်စရာဆိုလို့ ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲရင်တောင် ဝေးနိုင်သမျှ ဝေးအောင်ပြေးဖို့ပဲ ကျန်တော့တယ်။ လာဇီယိုအသင်းက စုဖွဲ့မှုကောင်းပြီး အန္တရာယ်ရှိတဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့ မြူးနစ်မြေမှာတော့ ဘိုင်ယန်က အရာရာကို ပုံအောပြီး ကစားလိမ့်မယ်။ နောက်တစ်ဆင့်တက်မယ့်ရလဒ်ကို ယူသွားပါလိမ့်မယ်။

♦ ဆိုစီဒက် - PSG (မြန်မာစံတော်ချိန် မတ်လ ၆ ရက် နံနက် ၂း၃၀ နာရီ)

ပထမအကျော့ရလဒ် ◘ PSG ၂-၀ ဆိုစီဒက်

PSG အသင်းက အိမ်ကွင်းမှာ ဆိုစီဒက်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ပထမအကျော့မှာ ဆိုစီဒက်ရဲ့ ပြဿနာက ကစားပုံမဟုတ်ဘဲ ကစားဟန်ဖြစ်တယ်။ ကူဘိုကို အလွန်အကျွံအားပြုကစားခဲ့ရင် PSG ကို ထိန်းချုပ်ရ လွယ်ကူစေခဲ့တယ်။ ခြေစွမ်းကောင်းကို ပြသခဲ့တဲ့တိုင် ထိရောက်မှု မရှိခဲ့ဘူး။ နောက်ဆုံးမှာ PSG က ဘာပေနဲ့အတူ လွှမ်းမိုးသွားခဲ့တယ်။ ဆိုစီဒက်ကွင်းမှာတော့ PSG နိုင်ပွဲရဖို့ မလွယ်ပါဘူး။ သရေရလဒ်လောက်နဲ့ ကွာတားဖိုင်နယ် တက်လိမ့်မယ်။

Most Read

Most Recent