■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 26 April 2024

ဘိုင်ယန်မြူးနစ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အဖို့ အမှတ်ပေးဇယားမှာ ဒုတိယနေရာထက် ဖလားလက်မဲ့ရာသီမဖြစ်ဖို့က ချန်ပီယံလိဂ်ဘက်ကိုပဲ ပုံအောထားလိမ့်မယ်ထင်တယ်။ ဖရန့်ဖတ်နဲ့စွန့်စားတာ ပိုကောင်းလိမ့်မယ်။



လိုက်ပ်ဇစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၀၀ နာရီ)

ပုံမှန်အတိုင်းဆိုရင်တော့ အဆင့်(၄)နဲ့ (၅)နေရာက အသင်းတွေ တွေ့ဆုံမှုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုအတော်ပြင်းထန်လိမ့်မယ်။ ဒါပေမဲ့ ဘွန်ဒစ်လီဂါက လာမယ့်ရာသီမှာ Coefficient သတ်မှတ်ချက်ကနေ (၅)သင်းအထိ ဝင်ခွင့်ရဖို့ သေချာသလောက်ရှိနေလို့ ဒီပွဲရဲ့ Tempo ကို အနည်းငယ်လျော့ကျသွားစေခဲ့တယ်။ ဒါ့အပြင် ဒေါ့မွန်က အခုပွဲ ပြီးရင်လည်း ချန်ပီယံလိဂ်ပွဲ နွှဲရဖို့ရှိနေလို့ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်လာနိုင်တယ်။ ဒီလိုအနေအထားမှာ ဖိအားကင်းကင်းနဲ့ ဘွန်ဒစ်လီဂါတစ်ခုတည်း ကစားနေရတဲ့ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။



ဖရိုင်းဘတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၀၀ နာရီ)

ဖရိုင်းဘတ်အသင်းက အံ့အားသင့်စရာကောင်းလောက်အောင် အိမ်ကွင်း(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းဇုန်က အလွတ်ရုန်းဖို့ အမှတ်လိုနေလို့ အမှတ်ယူလိမ့်မယ်။



အော့စ်ဘတ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၀၀ နာရီ)

ဥရောပဝင်ခွင့် မျှော်လင့်လို့ရနေတဲ့ အော့စ်ဘတ်အသင်း အိမ်ကွင်း(၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ ဝါဒါဘရီမင်အနေနဲ့ အမှတ် သိပ်မလိုတော့လို့ အော့စ်ဘတ်ပဲ ကြိုက်တယ်။



လေဗာကူဆင် - စတုဂတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၁:၀၀ နာရီ)

ဘွန်ဒစ်လီဂါကနေ ချန်ပီယံလိဂ်ဝင်ခွင့် (၅)သင်းရခဲ့ရင် စတုဂတ်ရဲ့လက်ရှိရမှတ်က နေရာတစ်နေရာ သေချာနေပြီဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းပွဲတွေမှာ စတုဂတ်အသင်းရဲ့ အားစိုက်မှုက ပုံသေတွက်ထားလို့တော့ မရဘူး။ လေဗာကူဆင်က ချန်ပီယံဆုကို သိမ်းပိုက်ထားပြီးဖြစ်ပေမဲ့ ရှုံးပွဲမရှိမှတ်တမ်းကတော့ တပ်မက်စရာဖြစ်နေတယ်။ လေဗာကူဆင်ပဲ အနိုင်ရဖို့များတယ်။

Most Read

Most Recent