ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူအား နောက်ထပ်တစ်ရာသီ အငှားခေါ်ယူနိုင်ရန်အတွက် ရိုးမားအသင်း ကြိုးပမ်းနေ

ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူအား နောက်ထပ်တစ်ရာသီ အငှားခေါ်ယူနိုင်ရန်အတွက် ရိုးမားအသင်း ကြိုးပမ်းနေ
Photo: Getty Images
Photo: Getty Images
Published 4 April 2024

ရိုးမားအသင်းသည် ချယ်လ်ဆီးအသင်းထံမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူကို နောက်ထပ်တစ်ရာသီအငှားဖြင့် ထပ်မံခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းတွင် အဆင်မပြေဖြစ်နေသည့် လူကာကူ (၃၀ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် ရိုးမားအသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။

လူကာကူသည် ရိုးမားအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၈)ပွဲတွင် (၁၈)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားသည်။

လူကာကူသည် ရိုးမားအသင်းတွင် ပျော်ရွှင်နေပြီး ချယ်လ်ဆီးအသင်းထံသို့ ပြန်သွားလိုုုခြင်းမရှိကြောင်း သိရှိရသည်။

La Gazzetta dello Sport ၏ဖော်ပြချက်အရ လူကာကူသည် ရိုးမားအသင်းတာဝန်ရှိသူများအား အသင်းတွင်ဆက်နေလိုသည်ဟု အကြောင်းကြားထားကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် လူကာကူအား ယူရို (၄၃)သန်းဖြင့် အပြီးသတ်ရောင်းချလိုနေကြောင်း သိရှိရသည်။

သို့သော် ရိုးမားအသင်းသည် ဘဏ္ဍာရေးအခြေအနေကြောင့် လူကာကူကို အပြီးသတ်ခေါ်ယူနိုင်ဖွယ်မရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ရိုးမားအသင်းသည် လူကာကူအား နောက်ထပ်တစ်ရာသီ အငှားခေါ်ယူရန် စီစဉ်ခြင်းဖြစ်သည်။ 

Most Read

Most Recent