ရပ်ရှ်ဖို့ဒ်၏ အစွမ်းအစကို မိမိ ယုံကြည်နေဆဲဖြစ်သည်ဟု တန်ဟက်ဂ် ဆို

ရပ်ရှ်ဖို့ဒ်၏ အစွမ်းအစကို မိမိ ယုံကြည်နေဆဲဖြစ်သည်ဟု တန်ဟက်ဂ် ဆို
Photo: Football Talk
Photo: Football Talk
Published 29 April 2024

မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်က မိမိသည် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏ အစွမ်းအစကို ယုံကြည်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံဂိုး(၃၀)သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း ယခုရာသီတွင် (၈)ဂိုးသာ သွင်းယူထားနိုင်ပြီး ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဘန်လေနှင့်ပွဲအပြီးတွင် တန်ဟက်ဂ်က ''ပထမဆုံးပြောချင်တာကတော့ ရပ်ရှ်ဖို့ဒ်ဟာ ရာသီတိုင်းမှာ (၂၅)ဂိုးနဲ့ ဂိုး(၃၀)ကြား သွင်းယူနိုင်တဲ့ အစွမ်းအစမျိုးရှိတယ်လို့ အခိုင်အမာယုံကြည်နေဆဲဆိုတာပါပဲ။ သူ့မှာ လိုအပ်တဲ့ အရည်အသွေးအားလုံးရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို (၁၀၀%)ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent