ကလိုဆေးနှင့် ပြန်လက်တွဲရန် ဟန်ဆီဖလစ်ခ် ဆန္ဒရှိ

ကလိုဆေးနှင့် ပြန်လက်တွဲရန် ဟန်ဆီဖလစ်ခ် ဆန္ဒရှိ
Photo : X
Photo : X
Published 13 May 2024

ဘိုင်ယန်မြူးနစ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ရန် ဆွေးနွေးနေသည့် တစ်ချိန်က လက်တွဲခဲ့ဖူးသော ဂျာမန်တိုက်စစ်မှူးဟောင်း ကလိုဆေးနှင့် ပြန်လက်တွဲရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဟန်ဆီဖလစ်ခ်သည် ဘိုင်ယန်မြူးနစ်အသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ်က ကလိုဆေးကို လက်ထောက်နည်းပြအဖြစ် တာဝန်ပေးခဲ့ဖူးခြင်းဖြစ်ပြီး ယခုအခါ ကလိုဆေးသည် အသင်းလက်မဲ့ဖြစ်နေသည်။

ဟန်ဆီဖလစ်ခ်သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆွေးနွေးနေရာ အချက်နှစ်ချက်ကို တောင်းဆိုထားပြီး ကလိုဆေးကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်ရန်လည်း ပါဝင်ခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်က ၎င်းအား တစ်နှစ်စာချုပ်ဖြင့် ယာယီခန့်အပ်ခြင်းကို လက်ခံမည်မဟုတ်ဘဲ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် တောင်းဆိုခဲ့သလို၊ ကလိုဆေးနှင့် တာပါလိုဗစ်တို့ကို လက်ထောက်နည်း ပြများအဖြစ် ခန့်အပ်ပေးရန်လည်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တာပါပိုဗစ်သည် ဘိုင်ယန်မြူးနစ်အသင်း၌ ဂိုးနည်းပြအဖြစ် (၁၀)နှစ်ကျော်ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ခုနှစ်ကမှ လမ်းခွဲခဲ့သူဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် သောမတ်စ်တူဟယ်လ်နေရာ အစားထိုးရန် နည်းပြများစွာအား ပစ်မှတ်ထားကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသည့်အတွက် နည်းပြဟောင်း ဟန်ဆီဖလစ်ခ်ဘက်သို့ ပြန်လည်ဦးလှည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent