■ အုပ်စုဒုတိယပွဲ၌ နိုင်ပွဲရယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ဆို      

■ အုပ်စုဒုတိယပွဲ၌ နိုင်ပွဲရယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ဆို      
Published 21 June 2024

ပြင်သစ်လက်ရွေးစင်အသင်း၏ နည်းပြ ဒေးရွှမ့်က အုပ်စုဒုတိယပွဲ၌ နိုင်ပွဲရယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရန် မျှော်မှန်းထားသည့်အတိုင်း လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

    

ပြင်သစ်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အုပ်စု (D) ၌ နယ်သာလန်၊ ပိုလန်၊ သြစတြီးယားတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲတွင် သြစတြီးယားအသင်းကို အနိုင်ရခဲ့သည်။ 

အုပ်စုဒုတိယပွဲတွင် နယ်သာလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲအကြို သတင်းစာရှင်းလင်းပွဲ၌ ဒေးရွှမ့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် တို့ ခြေစစ်ပွဲကာလမှာ နယ်သာလန်အသင်းကို အနိုင်ရခဲ့ပေမဲ့ အဲဒီတုန်းက သူတို့အသင်းမှာ အဓိကကစားသမား(၅)ယောက်၊ (၆)ယောက်လောက် မပါနိုင်ခဲ့ပါဘူး။ ဒါကြောင့် အခု ရင်ဆိုင်ရမှာ တူညီတဲ့အသင်း မဟုတ်ပါဘူး။ သူတို့က ခြေစစ်ပွဲမှာတုန်းက ရင်ဆိုင်ခဲ့ရတဲ့အသင်းထက် ပိုတောင့်တင်းလာပါ တယ်။ ကျွန်တော်တို့ အဖွင့်ပွဲမှာ အနိုင်ရရမယ်ဆိုတဲ့ ရည်မှန်းချက် ပြည့်မြောက်ပြီးခဲ့ပါပြီ။ အခု နောက်ထပ်ပစ်မှတ်က ဒုတိယပွဲမှာ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ပါ။ ဒါပေမဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ကျွန်တော်တို့ စွမ်းဆောင် ရည်မကောင်းခဲ့ရင် အန္တရာယ်ပေးနိုင်တဲ့ ပြိုင်ဘက်ပါ"ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။

ပြင်သစ်နှင့် နယ်သာလန်အသင်းတို့သည် အုပ်စုအဖွင့်ပွဲစဉ်များတွင် အနိုင်ရထားခြင်းကြောင့် ယနေ့ကစားမည့်ပွဲစဉ်တွင် အနိုင်ရသည့်အသင်းက ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ 

Most Read

Most Recent