အလိုမတူဘဲ ရောင်းချမှု

အလိုမတူဘဲ ရောင်းချမှု
Photo : Getty Images
Photo : Getty Images
Published 12 August 2024
AK

ကြယ်ပွင့်ကစားသမားတွေ ဆုံးရှုံးတာ မန်စီးတီးရဲ့အစဉ်အလာပါ။ ၂၀၂၀ ခုနှစ်မှာ ဆာနေး၊ ၂၀၂၁ ခုနှစ်မှာ ဖယ်ရန်တောရက်စ်၊ ၂၀၂၂ ခုနှစ်မှာ ဂျေးဇူး၊ စတာလင်၊ ဇင်ချန်ကို၊ ၂၀၂၃ ခုနှစ်မှာ မာရက်ဇ်၊ လာပေါ့တ်၊ ဂွန်ဒိုဂန်၊ ပါလ်မာတို့ ထွက်ခွာခဲ့ပါတယ်။ ပါလ်မာကလွဲပြီး ကျန်တဲ့ကစားသမားတွေဟာ မန်စီးတီးရဲ့အမျှော်လင့်ခံကြယ်ပွင့်တွေ ဖြစ်ခဲ့ဖူးတယ်။ ဂွါဒီယိုလာတည်ထောင်တဲ့ မန်စီးတီးတစ်ခေတ်မှာ အဓိကလူတွေဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မန်စီးတီးခေတ်ဟာ အရောင်မမှိန်သွားဘူး။ အခုလည်း အယ်လ်ဗာရက်ဇ်လို အဓိကလူတစ်ဦး မရှိတော့ပေမယ့် မန်စီးတီးက စိတ်အားထက်သန်မှု၊ ကံတရားဖေးမမှုနဲ့ ခေါင်းဆောင်ကောင်း ဂွါဒီယိုလာတို့ကြောင့် ခေတ်တစ်ခေတ်ကိုဆက်လက်ဆွဲဆန့်ထားပါလိမ့်မယ်။

 

Most Read

Most Recent