စပိန်လာလီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 September 2024

ဆယ်လ်တာဗီဂို - ဗယ်လာဒိုလစ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဗယ်လာဒိုလစ်ရဲ့အဝေးကွင်းကစားပုံနဲ့ ခံစစ်ပိုင်းကအ တော်လေးအားနည်းနေသေးတယ်။ ဆယ်လ်တာဗီဂိုကလည်း တိုက်စစ်အစွမ်းပြနေပြီး အိမ်ကွင်းမှာဆိုရင် ကစားပုံပိုကောင်းတဲ့ အသင်းဖြစ်လို့ ဗယ်လာဒိုလစ်ဒီပွဲလည်း ရှုံးဖို့များနေတယ်။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲကြိုက်တယ်။

ဂျီရိုနာ - ဘာစီလိုနာ (တနင်္ဂနွေည ၈း၄၅ နာရီ)    

ပြီးခဲ့တဲ့ရာသီဇာဗီလက်ထက်မှာတုန်းကတော့ ဂျီရိုနာကို (၂)ပွဲစလုံး ဂိုးပြတ်တွေချည်းအရှုံးပေးခဲ့ရတယ်။ ဒါပေမဲ့လက်ရှိ မှာ ဂျီရိုနာက ပြီးခဲ့တဲ့ရာသီကလို ပြန်မဖြစ်သေးဘဲ ကစားသမား သစ်တွေနဲ့ အခုမှအရှိန်ပြန်ယူနိုင်အောင်ကြိုးစားနေဆဲအ ဆင့်မှာပဲရှိနေသေးတယ်။ ဘာစီလိုနာကတော့ ပြီးခဲ့တဲ့ရာသီက နေမတူအောင် ဒီရာသီနည်းပြသစ်ဟန်ဆီဖလစ်ခ်လက်အောက် မှာ ကစားအား၊ စိတ်ဓာတ်ပိုင်း အားလုံးပြောင်းလဲသွားပြီး ကစား ပုံကလည်း စုစည်းမှုပိုအားကောင်းလာတာတွေ့ရတယ်။ နိုင်ငံ တကာပွဲတွေအပြီး ပြန်ကစားရမယ့်ပွဲဆိုပေမယ့် နည်းပြ ဟန် ဆီဖလစ်ခ်ကလည်း ဒီပွဲအတွက်သေချာပြင်ဆင်ပြီး နိုင်ပွဲဆက် မှုမှတ်တမ်းကိုတည်မြဲနိုင်အောင်ကြိုးစားမှာပါ။ ဒါ့ပြင် ဂျီရိုနာရဲ့ ခံစစ်ပိုင်းမငြိမ်သေးမှုကလည်း ဘာစီလိုနာကိုအခွင့်အရေးပေး သလိုဖြစ်နေတယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲရွေးထားမယ်။

လက်စ်ပါမားစ် - ဘီလ်ဘာအို (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဘီလ်ဘာအိုရဲ့ ရာသီအစခြေစွမ်းကမငြိမ်သေးဘူး။ အထူး သဖြင့်တိုက်စစ်ပိုင်းက အတက်အကျရှိနေတုန်းပဲ။ လက်စ်ပါ မားစ်ကလည်း အိမ်ကွင်းအားနဲ့ ကစားတတ်တဲ့အသင်းဖြစ်လို့ ဘီလ်ဘာအိုတို့ ဒီတစ်ပွဲလည်းအနိုင်ရဖို့ ခက်နေဦးမယ်ထင် တယ်။ ဂိုးအနည်းသရေပွဲလို့ပဲ ရွေးထားမယ်။

အက်သလက်တီကို - ဗလင်စီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုကတော့ ကစားရင်းအရှိန်ရလာသလို တော့ တွေ့နေရတယ်။ တိုက်စစ်ပိုင်းဂိုးသွင်းနှုန်းကအတက်အကျရှိနေပေမယ့် ခံစစ်ကစားပုံကတော့ ပိုလုံခြုံလာနေတာတွေ့ရ တယ်။ ဗလင်စီယာကလည်း ရာသီအစနိုင်ပွဲမရှိသေးဘဲရုန်းကန် နေရသေးတယ်။ အဝေးကွင်းမှာလည်း အရင်ကတည်းကအား နည်းလေ့ရှိတဲ့အသင်းဆိုတော့ အက်သလက်တီကိုဆီကအမှတ် ယူဖို့မလွယ်ပါဘူး။ အက်သလက်တီကိုနဲ့ ဂိုးအများပဲရွေးမယ်။

Most Read

Most Recent