အဝတ်လဲခန်းအတွင်း တင်းမာမှုမရှိကြောင်း ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် ပြောကြား

အဝတ်လဲခန်းအတွင်း တင်းမာမှုမရှိကြောင်း ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် ပြောကြား
Photo: Real Madrid
Photo: Real Madrid
Published 18 September 2024

 

ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က အဝတ်လဲခန်းအတွင်း တင်းမာမှုမရှိကြောင်း ပြောကြားခဲ့သည်။ 

ဘာပေနှင့် အန်းဒရစ်တို့ ရောက်ရှိလာခြင်းကြောင့် ရိုဒရီဂိုမှာ အပယ်ခံကဲ့သို့ ခံစားနေရပြီး အသင်းအဝတ်လဲခန်းအတွင်း တင်းမာမှုများ ရှိနေသည်ဟု စပိန်မီဒီယာအချို့က ဖော်ပြနေကြသည်။ 

သို့သော် ဘယ်လင်ဂမ်က မီဒီယာများ ဖော်ပြနေသကဲ့သို့ အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် အသင်းပြိုကွဲအောင် ရေးသားနေကြခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘယ်လင်ဂမ်က "လူမှုကွန်ရက်မှာ တွေ့တာတွေ အများကြီးပါပဲ။ ဘာပေ ရောက်လာလို့ ရိုဒရီဂို နေရာပျောက်မယ်။ ဒါမှမဟုတ် ကျွန်တော် နေရာပျောက်မယ်ဆိုတာမျိုးတွေပေါ့။ ဒါတွေက ကျွန်တော်တို့အသင်းကို ပြိုကွဲအောင် ရေးသားနေကြတာပါ။ ဘာပေ ရောက်လာတယ်၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုနဲ့ ကျွန်တော် ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့က အတွင်းရော အပြင်မှာပါ သူငယ်ချင်းတွေပါ။ စတုဂတ်နဲ့ပွဲမှာ ကျွန်တော်တို့ ဘယ်လိုကစားတယ်ဆိုတာကို မြင်ကြမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent