မန်စီးတီးအသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် နည်းပြ ဂွါဒီယိုလာ သဘောတူညီခဲ့ပြီဟု The Telegraph ဖော်ပြ

မန်စီးတီးအသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် နည်းပြ ဂွါဒီယိုလာ သဘောတူညီခဲ့ပြီဟု The Telegraph ဖော်ပြ
Photo: X
Photo: X
Published 16 October 2024

 

ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်းနည်းပြ ဂွါဒီယိုလာသည် အသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီခဲ့ဖြစ်ကြောင်း The Telegraph က ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် နာမည်ကျော်စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ၎င်းနှင့် အလွန်ရင်းနှီးသည့် အသင်းအားကစားဒါရိုက်တာ ဘီဂီရီစတိန်းမှာ ယခုရာသီကုန်တွင် မန်စီးတီးအသင်းမှ ထွက်ခွာမည်ဖြစ်ရာ ဂွါဒီယိုလာ၏ အနာဂတ်အတွက်လည်း စိုးရိမ်မှု မြင့်တက်ခဲ့သည်။ 

သို့သော် The Telegraph ၏ဖော်ပြချက်အရ ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ဂွါဒီယိုလာသည် မန်စီးတီး အသင်းကို၂၀၁၆ တွင် စတင်ကိုင်တွယ်ခဲ့ပြီး နောက်တစ်ရာသီဆက်နေပါက (၁၀)နှစ်ပြည့်မြောက်မည်ဖြစ်သည်။ 

ဂွါဒီယိုလာသည် ၎င်း၏နည်းပြဘဝ စတင်သည့် ဘာစီလိုနာအသင်းကို (၄) နှစ်၊ ဘိုင်ယန်မြူးနစ်အသင်း ကို(၃)နှစ်သာ ကိုင်တွယ်ခဲ့သော်လည်း မန်စီးတီးအသင်းကိုမူ (၁၀) နှစ်ကြာ ကိုင်တွယ်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။ ဂွါဒီယိုလာသည် ၂၀၂၂-၂၃ ရာသီ ဖလား(၃) လုံးအပါ အဝင် မန်စီးတီးအသင်းကို သမိုင်းဝင် ဆုဖလားများရယူပေးခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်နှင့် အမှုရင်ဆိုင်နေရသော်လည်း ဂွါဒီယိုလာသည် အသင်း၌ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent