ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား အောက်တိုဘာ (၂၀)ရက်မှ (၂၄)ရက်အထိပြုလုပ်မည်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား အောက်တိုဘာ (၂၀)ရက်မှ (၂၄)ရက်အထိပြုလုပ်မည်
အောက်တိုဘာ ၆ ရက်က ကျင်းပသည့်ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်နှင့် ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနား၌ တွေ့ရသည့် စစ်ရေယာဉ်များ
အောက်တိုဘာ ၆ ရက်က ကျင်းပသည့်ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်နှင့် ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနား၌ တွေ့ရသည့် စစ်ရေယာဉ်များ
Published 16 October 2024

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား အောက်တိုဘာ (၂၀)ရက်မှ (၂၄)ရက်အထိပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၂၀)ရက်မှ (၂၄)ရက်အထိ ကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း ရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ရာ Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်း သတိ​ပေးချက်တို့အား ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ထို့အပြင် လေ့ကျင့်ခန်းများ ဆောင်ရွက်စဉ်ကာလအတွင်း  ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် အဆိုပါ ဧရိယာမှ (၅)မိုင်ပတ်လည်အား သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္မာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရေယာဉ်များ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် အသိပေးကြေညာထားကြောင်း သိရသည်

 

Most Read

Most Recent