တော့ဒ်ဘိုလီလက်ထက် အပြောင်းအရွှေ့ပေါ်လစီနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ချယ်လ်ဆီးအားကစားဒါရိုက်တာများ ကာကွယ်

တော့ဒ်ဘိုလီလက်ထက် အပြောင်းအရွှေ့ပေါ်လစီနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ချယ်လ်ဆီးအားကစားဒါရိုက်တာများ ကာကွယ်
Photo: Daily Mail & Getty Images
Photo: Daily Mail & Getty Images
Published 16 October 2024

 

ချယ်လ်ဆီးအားကစားဒါရိုက်တာများက အသင်းပိုင်ရှင် တော့ဒ်ဘိုလီလက်ထက် အပြောင်းအရွှေ့ပေါ်လစီနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ကာကွယ်ခဲ့ပြီး ယင်းပေါ်လစီမှာ ဆုဖလားများ ဆက်တိုက်ရရှိအောင်ကူညီနိုင်မည်ဟု ပြောကြားခဲ့သည်။ 

တော့ဒ်ဘိုလီ ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၂ မေလတွင် ချယ်လ်ဆီးအသင်းကိုဝယ်ယူပြီးနောက် ပေါင် (၁.၁၅) ဘီလီယံဝန်းကျင်အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူခဲ့သည်။ ထို့ပြင် တော့ဒ်ဘိုလီလက်ထက်တွင် ချယ်လ်ဆီးအသင်းသည် ကစားသမားများကို ကာလရှည်စာချုပ်များ ချုပ်ဆိုခဲ့သည်။ 

လက်ရှိချယ်လ်ဆီးကစားသမားများအားလုံး၏ စာချုပ်သက်တမ်းမှာ (၁၉၁)နှစ်ထိ ရှိပြီး အခြားအသင်းများထက် စာချုပ်သက်တမ်း (၂)ဆနီးပါး များနေကြောင်း သိရသည်။ ယင်းအတွက် ဝေဖန်မှုများရှိနေ ရာ ချယ်လ်ဆီးအားကစားဒါရိုက်တာများဖြစ်သည့် ဝင်စတန်လေနှင့် စတီးဝပ်စ်တို့က ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဝင်စတန်လေက "ရှေ့ရေးအတွက် သေချာစဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပေါ်လစီက အလုပ်ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုလိုလုပ်နေတာတွေက အနာဂတ်မှာ ဖလားတွေဆက်တိုက်ရယူဖို့ပါ။  ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဘောလုံးမှာ သူများမလုပ်ဖူးတာကို လုပ်ချင်ပြီး အလုပ်ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent